ဖားကန့်မှာ စစ်တပ်ပိုင် အင်တာနက်လိုင်း ပြန်ဖွင့်သော်လည်း ပြည်သူများအတွက် အဆင်မပြေဟုဆို

ဖားကန့်မှာ စစ်တပ်ပိုင် အင်တာနက်လိုင်း ပြန်ဖွင့်သော်လည်း ပြည်သူများအတွက် အဆင်မပြေဟုဆို

ဖားကန့်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီမှ ၎င်းတို့ပိုင် Mytel ဖုန်းအင်တာနက်လိုင်းတစ်ခုတည်းကို ယမန်နေ့က ပြန်ဖွင့်လိုက်သော်လည်း အသုံးပြုရန် အဆင်မပြေကြောင်း ဒေသခံများ ပြောသည်။

''ရတော့ရတယ် 4G တော့ဖြစ်နေတယ်။ သုံးလို့မရဘူးသုံးရဆာအဆင်မပြေဘူး ။သူတို့လုပ်ထားတာ Mytel ပဲရတာဗျ။ ကျန်တာဘာမှမရသေးဘူး မိုင်တဲတောင်သူတို့လုပ်ချင်သလိုလုပ်နေတာ ကျွန် တော်တို့သုံးရင်အဆင်မပြေဘူး။4Gတော့ ပြပြီးဘာမှလုပ်လို့မရဘူး အဲ့လိုဖြစ်နေတာ'' ဟု အမည်မဖော်လိုသည့် ဖားကန့်မြို့နေအမျိုးသားတစ်ဦးက ပြောသည်။

ဖားကန့်တစ်မြို့နယ်လုံးကို ပြီးခဲ့သည့် ၂၀၂၁ ဩဂုတ်လကုန်ပိုင်းကစတင်ပြီး စစ်ကောင်စီက MPT Ooredoo Telenor Mytel ဖုန်းအင်တာနက်လိုင်းများကို ပိတ်ထားခဲ့သည်။

ယခုကဲ့သို့ လိုင်းပြန်ဖွင့်ပေးရာတွင် စစ်တပ်နှင့် နီးစပ်သည့်နေရာများတွင်သာ လိုင်းအနည်းငယ်ကောင်းပြီး စစ်တပ်နှင့် ဝေးသည့် နေရာများတွင် လိုင်းတက်သော်လည်းအသုံးပြု၍မရအဆင်မပြေကြောင်း သိရသည်။

''ကျွန်တော်တို့က Mytel တစ်ခုထဲရတယ် အသံကြားလို့ထည့်ကြည့်တာတော့ မတက်ဘူး ဖြစ်နေတယ် သူများတွေတော့သုံးနေကြတယ် တစ်ချို့နေရာတွေပဲရတာ လို့လည်းသိရတယ်'' ဟု ဖားကန့် အေးမြသာယာရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီက ဖားကန့်တစ်မြို့နယ်လုံးကို လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၀ ရက်က ဖုန်းအင်တာနက်လိုင်းများအားလုံး ပိတ်ထားခဲ့ရာ စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တွင် ထပမဆုံးနှင့် အချိန်အကြာဆုံး ဖုန်းအင်တာနက်ဖြတ်ခံထားရသည့်မြို့နယ်တစ်ခု ဖြစ်သည်။

ကချင်ပြည်နယ်နှင့် နယ်စပ်ဖြစ်သော ကသာခရိုင်အတွင်းမြို့နယ်များတွင်လည်း လွန်ခဲ့သည့် နှစ်ကစတင်ပြီး စစ်ကောင်စီက အင်တာနက်လိုင်းများပိတ်ပင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်မှ သိရသည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...