မင်းတပ်မြို့နယ်အတွင်း CDF မင်းတပ်အဖွဲ့နှင့် စစ်ကောင်စီတပ်တိုက်ခိုက်မှုတွင် စစ်ကောင်စီဖက်မှ ၁၇ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ဟု သိရ

မင်းတပ်မြို့နယ်အတွင်း CDF မင်းတပ်အဖွဲ့နှင့် စစ်ကောင်စီတပ်တိုက်ခိုက်မှုတွင် စစ်ကောင်စီဖက်မှ ၁၇ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ဟု သိရ

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် ယမန်နေ့ မတ်လ ၂၉ ရက်နေ့တွင် CDF မင်းတပ်အဖွဲ့နှင့် စစ်ကောင်စီတပ်များ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ တစ်ရက်ထဲတွင် စစ်ကောင်စီတပ်မှ ၁၇ ဦးသေဆုံးကြောင်း မင်းတပ်ဒေသတွင်း မီဒီယာများ ဖော်ပြချက်အရ သိရသည်။

ယမန်နေ့  တိုက်ပွဲတွင်    မနက် ၇ နာရီ ဝန်းကျင်ခန့်တွင် CDF Mindat အဖွဲ့မှ မင်းတပ်မြို့အတွင်း အထူးစစ်ဆင်ရေးတစ်ရပ်အဖြစ် ဘ၀သစ်ရပ်ကွက်၊ ၀မ္မသူးမောင်းလမ်းရှိ ဗိုလ်မှူးဟာရှိန်းချောက်အနီး အသစ်ပြင်ဆင်နေသောရေကန်တွင်လုံခြုံရေးယူထားသော စစ်ကောင်စီတပ်သားများအား  CDF မင်းတပ်မှ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂ ဦး သေဆုံးခဲ့ပြီး နောက်ထပ် မင်းတပ်-မတူပီ လမ်းတွင် CDF မင်းတပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၂၃ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့မှ အင်အား အမြောက်များဖြင့် ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်၊ မတူပီ၊ ပလက်ဝ ဖက်ကို ဝင်ရောက်လာပြီး ထိုးစစ်ဆင်လာပြီး လက်ရှိတွင်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ တို့နှင့် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိကြောင်းကိုလည်း သိရသည်။

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...
April 26, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့ ...
Photo Crd
April 24, 2024
မလေးရှားနိုင်ငံမှာ သွားရောက်လုပ်ကိုင်မည့် အထောက်အထားမဲ့ မြန်မာနိုင်ငံ သား ၁၀၀ နီးပါးကို...