မင်းတပ်မြို့နယ်အတွင်း CDF မင်းတပ်အဖွဲ့နှင့် စစ်ကောင်စီတပ်တိုက်ခိုက်မှုတွင် စစ်ကောင်စီဖက်မှ ၁၇ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ဟု သိရ

မင်းတပ်မြို့နယ်အတွင်း CDF မင်းတပ်အဖွဲ့နှင့် စစ်ကောင်စီတပ်တိုက်ခိုက်မှုတွင် စစ်ကောင်စီဖက်မှ ၁၇ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ဟု သိရ

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် ယမန်နေ့ မတ်လ ၂၉ ရက်နေ့တွင် CDF မင်းတပ်အဖွဲ့နှင့် စစ်ကောင်စီတပ်များ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ တစ်ရက်ထဲတွင် စစ်ကောင်စီတပ်မှ ၁၇ ဦးသေဆုံးကြောင်း မင်းတပ်ဒေသတွင်း မီဒီယာများ ဖော်ပြချက်အရ သိရသည်။

ယမန်နေ့  တိုက်ပွဲတွင်    မနက် ၇ နာရီ ဝန်းကျင်ခန့်တွင် CDF Mindat အဖွဲ့မှ မင်းတပ်မြို့အတွင်း အထူးစစ်ဆင်ရေးတစ်ရပ်အဖြစ် ဘ၀သစ်ရပ်ကွက်၊ ၀မ္မသူးမောင်းလမ်းရှိ ဗိုလ်မှူးဟာရှိန်းချောက်အနီး အသစ်ပြင်ဆင်နေသောရေကန်တွင်လုံခြုံရေးယူထားသော စစ်ကောင်စီတပ်သားများအား  CDF မင်းတပ်မှ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂ ဦး သေဆုံးခဲ့ပြီး နောက်ထပ် မင်းတပ်-မတူပီ လမ်းတွင် CDF မင်းတပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၂၃ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့မှ အင်အား အမြောက်များဖြင့် ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်၊ မတူပီ၊ ပလက်ဝ ဖက်ကို ဝင်ရောက်လာပြီး ထိုးစစ်ဆင်လာပြီး လက်ရှိတွင်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ တို့နှင့် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိကြောင်းကိုလည်း သိရသည်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...