တိုင်းရင်းသားချင်းချင်း ပစ်ခတ်မှုသည် တည်ငြိမ်အေးချမ်းမှုကို နှောက်ယှက်ဟန့်တားနေသူ ဟု SWAN ပြောဆို

တိုင်းရင်းသားချင်းချင်း ပစ်ခတ်မှုသည် တည်ငြိမ်အေးချမ်းမှုကို နှောက်ယှက်ဟန့်တားနေသူ ဟု SWAN ပြောဆို

သျှမ်းပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးများသည် ပြည်သူလူထုတို့အတွက် ငြိမ်းချမ်းရေး နှင့် သာယာဝပြောရေးတို့ကိုအကြောင်းပြပြီး အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ကာ ပြည်သူလူထုတို့ လိုလား တောင့်တသည့် တည်ငြိမ်းအေးချမ်းရေးအတွက် နှောက်ယှက်ဟန့်တားနေကြောင်း SWAN က ပြောဆို လိုက်သည်။

ထိုပြောဆိုချက်သည် ရှမ်းအမျိုးသမီးရေးရာ လှုပ်ရှားဆောင်ရွက်ရေး အသင်း (SWAN ) ဖွဲ့စည်းတည်ထောင်ခြင်း (၂၃) နှစ် ပြည့် အနေဖြင့်ထုတ်ပြန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး ပြဿနာကိုနိုင်ငံရေးနည်းဖြင့် ဖြေရှင်းကြမည်ဟု ခေတ်အဆက်ဆက် ကြွေးကြော်လာခဲ့ကြသည့် သျှမ်းပြည်တွင်းရှိ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအနေနှင့် မိမိတို့အချင်းချင်းကြား ဖြစ်ပွား နေသည့် နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းကြရန် SWAN ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သျှမ်းပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ တိုက်ပွဲတွေကလည်း သျှမ်းအချင်းချင်းပဲမဟုတ်ဘူး။စစ်ကောင်စီအပါအဝင်  အခြားတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်းဖြစ်တယ်။ ဖြစ်ပျက်နေတဲ့ တိုက်ပွဲတွေက နှစ်ရှည်လာပြီ။ ကျမတို့ SWANတောင် မှ  (၂၃) နှစ်ပြည့်ပြီ ဒါတောင်မှ ဆက်လက်ဖြစ်နေတုန်းဆိုတော့ ကျမတို့ အနေနဲ့ မြင်တာကတော့ မဖြစ်သင့်တော့ဘူး”ဟု SWAN ပြောရေးဆိုခွင့်ရှိသူ ယိင်းစံဟွမ် ကပြောသည်။

သျှမ်းပြည်တွင်း က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အချင်းချင်း နိုင်ငံရေးလမ်းကြောင်း တူညီမှုမရှိသော်လည်း နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးမှုဖြင့် ဖြေရှင်းသင့်ကြောင်း  ယိင်းစံဟွမ် ကပြောသည်။

“ခေတ်အဆက်ဆက်ကတည်းက နိုင်ငံရေးနဲ့ ပတ်သက်လာပြီဆိုရင် အမြဲတမ်းပဲ ဆွေးနွေးတယ်။ ပြချင်တဲ့အဖြေက မထွက်ဘူး။ ဆက်လက်ပြီးတော့ နိုင်ငံရေး အရ နိုင်ငံရေးနည်းလမ်း နဲ့ ဖြေရှင်းပြီး တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်း ကြားသဘောထား ကွဲလွဲမှုတွေ နိုင်ငံရေးလမ်းကြောင်းတွေ မတူပေမယ့်လည်း ဖြေရှင်းစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ နောက်ဆက်တွဲက ပြည်သူလူထုတွေအပေါ်ပဲ ထိခိုက်တယ်” ဟု ယိင်းစံဟွမ် ကဆိုသည်။

ဒေသတွင်း တိုက်ပွဲဖြစ်ပွားမှုရှိလျှင် အမျိုးသမီး နှင့် ကလေးများ အများဆုံး ထိခိုက်နစ်နာမှုရှိပြီး ပညာရေး နှင့် ကျန်းမာရေး တို့လည်း နစ်နာ ဆုံးရှုံးရကြောင်း SWAN ကထောက်ပြ ပြောဆိုလိုက်သည်။

၂၀၂၁ ခုနစ် ဖေဖော်၀ါရီ ၁ရက် တွင် စစ်တပ် အာဏာသိမ်းခဲ့ခြင်း၊ရှမ်းပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအချင်းချင်း တိုက်ခိုက်နေကြခြင်း စသည် တို့၏ အကျိုးဆက်များကြောင့် အမျိုးသမီးများ နှင့် ကလေးသူငယ် အများစု မှာ ဘ၀လုံခြုံမှုကင်းမဲ့ကာ ဆင်းရဲဒုက္ခမျိုးစုံ နှင့် ရင်ဆိုင်နေကြကြောင်း SWAN ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

သျှမ်းပြည်အတွင်း ဖြစ်ပွားနေသည် စစ်ပဋိပက္ခများ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းများ အချင်းချင်း အကြားဖြစ်ပွားနေသည့် တိုက်ပွဲများ အားလုံး ရပ်တန့်ရန် ပါ၀င်ပတ်သက်နေသူများ အားလုံး တာ၀န်အရှိဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...