ရိခေါဒါရ်မြို့တွင် တယ်လီနောဖုန်း တာဝါတိုင်ပေါက်ကွဲကာ ဖုန်းလိုင်းအချို့ပြတ်တောက်

ရိခေါဒါရ်မြို့တွင် တယ်လီနောဖုန်း တာဝါတိုင်ပေါက်ကွဲကာ ဖုန်းလိုင်းအချို့ပြတ်တောက်

ချင်းပြည်နယ် ရိခေါဒါရ်မြို့တွင် လွန်ခဲ့သော ၂ ပတ်က တယ်လီနောဖုန်းတာဝါတိုင်များ  ပေါက်ကွဲခဲ့ပြီး လက်ရှိတယ်လီနောဖုန်းလိုင်း လုံးဝ ပြတ်ဝောာက်လျှက်ရှိကြောင်း ဒေသခဲ့ပြည်သူတစ်ဦးထံ သိရသည်။

ဒေသခံတစ်ဦးက"အဲ့တာကတော့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကပေါ့နော်၊ မတ်လ ၁၇ ရက်နေ့မှာ အဲ့ တယ်လီနောဖုန်း တာဝါတိုင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်၊ အဲ့ဝောာ့ ခုက တယ်လီနောလိုင်းတော့ လုံးဝပြတ်သွား‌တာပေါ့နော်။" ဟု ‌ပြောသည်။

ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ရှိ အိန္ဒိယ - မြန်မာနယ်စပ်တံတား အနီးတွင်လည်းမတ်လ (၂၆) ရက်နေ့က ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (CNDF) စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့မှ CNDF တပ်သား (၂) ဦးနှင့် အရပ်သား (၂)ဦး ကိုဖမ်းဆီးခဲ့ပြီး  အိန္ဒိယ - မြန်မာနယ်စပ်တံတားပေါ်တွင် လွှင့်တင်ထားသည့် ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့အလံကိုလည်း စစ်ကောင်စီတပ်ဖွဲ့မှ ဖြုတ်ချပြီး နိုင်ငံအလံကို ပြောင်းလဲလွှင့်တင် ခဲ့ကြောင်း သိရသည်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...