မြစ်ကြီးနားတွင် သံတိုသံစနှင့်ဗူးခွံလိုက်ဝယ်သည့်အမျိုးသမီးအား သေဆုံးအောင် ဓားထိုးလုယက်ခဲ့သူဖမ်းမိ

မြစ်ကြီးနားတွင် သံတိုသံစနှင့်ဗူးခွံလိုက်ဝယ်သည့်အမျိုးသမီးအား သေဆုံးအောင် ဓားထိုးလုယက်ခဲ့သူဖမ်းမိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် သံတိုသံစနှင့် ဘီယာဗူးခွံများလိုက်ဝယ်သည့် အမျိုးသမီးကို ဓာထိုးလုယက်ခဲ့သည်ဟုယူဆရသည့်အမျိုးသားကို ဖမ်းဆီးရမိပြီဖြစ်ကြောင်းသိရသည်။

မတ်လ ၂၄ ရက်နေ့က ရမ်ပူရပ်ကွက်တွင် သံတိုသံစနှင့်ယာဗူးခွံဝယ်သည့် ရွှေညောင်ပင် ရပ်ကွက် အောက်ချိုင့်ရပ်ကွက် နေဒေါ်ချိုသည် တွန်းလှည့်ဖြင့် ဗူးခွံလိုက်ဝယ်နေစဥ် ဓားထိုးလုယက်ခံလိုက်ရပြီး ပြစ်မှုကျူး လွန်ခဲ့သူကို မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီရဲတပ်ဖွဲ့ကဖမ်းဆီးရဟုသိရသည်။

''ဖြစ်စဥ်ဖြစ်ခဲ့တဲ့နေရာအနီးက CCTV မှတ်တမ်းတွေစစ်ဆေးပြီး ဖမ်းမိတာလို့ သိရတယ်။ ဖမ်းမိလိုက်တဲ့သူက ဒီရမ်ပူ ရပ်ကွက်ကပဲ''ဟု ဖြစ်စဥ်သိသူ ရမ်ပူရပ်ကွက်နေအမျိုးသားတစ်ဦးကပြောသည်။

ပြစ်မှုကျူးလွန်သူဟုယူဆရသော အမျိုးသားမှာ အသက် ၃၀ နှစ်အရွယ်ရှိ ရမ်ပူရပ်ကွက်နေ ဦးစိုးဝင်းပိုင် (ခ)ရန်ကုန်သားဆိုသူဖြစ်ကြောင်းသိရသည်။

ဓားဖြင့်ထိုးခံရသည့် ဒေါ်ချိုသည် ဓားထိုးခံရပြီး နောက်နာရီပိုင်းအကြာတွင် မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူရင်း သေဆုံးခဲ့သည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...