မြစ်ကြီးနားတွင် သံတိုသံစနှင့်ဗူးခွံလိုက်ဝယ်သည့်အမျိုးသမီးအား သေဆုံးအောင် ဓားထိုးလုယက်ခဲ့သူဖမ်းမိ

မြစ်ကြီးနားတွင် သံတိုသံစနှင့်ဗူးခွံလိုက်ဝယ်သည့်အမျိုးသမီးအား သေဆုံးအောင် ဓားထိုးလုယက်ခဲ့သူဖမ်းမိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် သံတိုသံစနှင့် ဘီယာဗူးခွံများလိုက်ဝယ်သည့် အမျိုးသမီးကို ဓာထိုးလုယက်ခဲ့သည်ဟုယူဆရသည့်အမျိုးသားကို ဖမ်းဆီးရမိပြီဖြစ်ကြောင်းသိရသည်။

မတ်လ ၂၄ ရက်နေ့က ရမ်ပူရပ်ကွက်တွင် သံတိုသံစနှင့်ယာဗူးခွံဝယ်သည့် ရွှေညောင်ပင် ရပ်ကွက် အောက်ချိုင့်ရပ်ကွက် နေဒေါ်ချိုသည် တွန်းလှည့်ဖြင့် ဗူးခွံလိုက်ဝယ်နေစဥ် ဓားထိုးလုယက်ခံလိုက်ရပြီး ပြစ်မှုကျူး လွန်ခဲ့သူကို မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီရဲတပ်ဖွဲ့ကဖမ်းဆီးရဟုသိရသည်။

''ဖြစ်စဥ်ဖြစ်ခဲ့တဲ့နေရာအနီးက CCTV မှတ်တမ်းတွေစစ်ဆေးပြီး ဖမ်းမိတာလို့ သိရတယ်။ ဖမ်းမိလိုက်တဲ့သူက ဒီရမ်ပူ ရပ်ကွက်ကပဲ''ဟု ဖြစ်စဥ်သိသူ ရမ်ပူရပ်ကွက်နေအမျိုးသားတစ်ဦးကပြောသည်။

ပြစ်မှုကျူးလွန်သူဟုယူဆရသော အမျိုးသားမှာ အသက် ၃၀ နှစ်အရွယ်ရှိ ရမ်ပူရပ်ကွက်နေ ဦးစိုးဝင်းပိုင် (ခ)ရန်ကုန်သားဆိုသူဖြစ်ကြောင်းသိရသည်။

ဓားဖြင့်ထိုးခံရသည့် ဒေါ်ချိုသည် ဓားထိုးခံရပြီး နောက်နာရီပိုင်းအကြာတွင် မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူရင်း သေဆုံးခဲ့သည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...