KIO ဌာနချုပ်အနီး စစ်ကောင်စီ လက်နက်ကြီးများဖြင့် ပစ်ခတ်

KIO ဌာနချုပ်အနီး စစ်ကောင်စီ လက်နက်ကြီးများဖြင့် ပစ်ခတ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးတဝိုက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခဲ့သည်ဟု KIO တာဝန်ရှိသူနှင့် လိုင်ဇာဒေသခံများက အတည်ပြုပြောသည်။

လိုင်ဇာမြို့နှင့်အနီးတဝိုက်ကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ၅ ချက်ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု လိုင် ဇာဒေသခံတစ်ဦးက ပြောသည်။

လိုင်ဇာမြို့ခံတစ်ဦးက “မနက်၃ - ၄ နာရီလောက်က ပစ်တာဟုတ်တယ်။ ၅ ချက် ကြားတယ်လို့တော့ ပြောကြ တယ်။ ကျနော်ကတော့ နှစ်ချက်ပဲ ကြားလိုက်တယ်။ နည်းနည်းဝေးလို့ ထင်တယ်။ တရုတ်ဘက်ခြမ်း ၂ လုံး ကျ တယ်လို့ ပြောကြတယ်။ မြစ်ကြီးနား ၂၁ မိုင်ဂိတ် ပစ်ခံရလို့နေမှာပါ။ သူတို့ဘက်က အထိနာတိုင်း ဒီဘက်ကို လက်နက်ကြီးတွေ ပစ်နေကျပါ” ဟုပြောသည်။

မတ်လ ၂၃ ရက်နေ့၊ နံနက်ပိုင်း ၄ နာရီဝန်းကျင်အချိန်ခန့်မှ စတင်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီး ၂ လုံးခန့် တရုတ် နိုင်ငံဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော် ဘူက “အသံတွေကြားတော့ အဲ့ဘက်ကျတယ်လို့ ခန့်မှန်းတာနေမှာပါ။ အသံတွေနားထောင်တော့ အဲ့ဘက်က ကျ တဲ့အသံတွေ ဖြစ်သွားတာ” ဟု ပြောသည်။

လိုင်ဇာဌာနချုပ်အနီး စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ယခုရက်ပိုင်း တိုက်ပွဲ ဖြစ်ပွားခြင်း တစ်စုံတစ်ရာမရှိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်ဟု သိရ သည်။

မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ လိုင်ဇာဘက်ခြမ်း အပြင် တရုတ်နိုင်ငံဘက်ခြမ်းကိုလည်း နှစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

ထို့အပြင် မတ်လ ၁၃ ရက်နေ့တွင်လည်း မြန်မာ-တရုတ်နယ်စပ် KIO ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သည့် လိုင်စင် အထက်ဘက်ရှိ မဂါးယန် စစ်ရှောင်စခန်းအနီးတွင် စစ်ကောင်စီတပ်များနှင့် KIA တပ်များ ထိတွေ့တိုက်ပွဲများ ရှိခဲ့ ပြီး တရုတ်နိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးအချို့ ကျရောက် ပေါက်ကွဲမှုများရှိခဲ့သည်ဟု စစ်ရှောင်များက ပြော သည်။

၂၀၂၂ ခုနှစ် (ယခုနှစ်) ဇန္နဝါရီလ ထုတ်ပြန်ကြေညာချက်အရ တရုတ်အစိုးရက စစ်ကောင်စီတပ်နှင့် KIO ကို ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပချိန် တရုတ်နှစ်သစ်ကူးကာလအတွင်း နယ်စပ်ဒေသနှင့် တစ်နိုင်ငံလုံး စစ်ပွဲ များ ရပ်တန့်ထားရန် တိုက်တွန်းချက်များရှိခဲ့သည်။

ထိုသို့ တိုက်တွန်းထားသော်လည်း ယခုလအတွင်း နယ်စပ်ဒေသတလျှောက် စစ်ကောင်စီဘက်က မကြာခန လက်နက်ကြီးများ ပစ်ခတ်မှုများ ရှိနေသည့်အပြင် ယခုလတွင်လည်း မဂါးယန်စစ်ရှောင်စခန်းအနီး နှစ်ဖက်ကြား ထိတွေ့မှုများ ရှိခဲ့သည်။

လတ်တလော ပစ်ခတ်မှုများနှင့်ပတ်သက်၍ တရုတ်နိုင်ငံဘက်ခြမ်းမှ တစ်စုံတစ်ခု ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...