ကလေးတောင်ပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ အမြောက်အများကိုသုတ်သင် နိုင်ခဲ့ဟု PDF Kalay မှ ထုတ်ပြန်

ကလေးတောင်ပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ အမြောက်အများကိုသုတ်သင် နိုင်ခဲ့ဟု PDF Kalay မှ ထုတ်ပြန်

စစ်ကိုင်းတိုင်း  ကလေးတောင်ပိုင်းတွင် ထိုးစစ်စင်လာသောစစ်ကောင်စီ စစ်ကြောင်းကို အသင့်စောင့်နေသော Kalay PDF တပ်ရင်း(၅)နှင့် ပူးပေါင်းအဖွဲ့တို့ မှ မတ်လ ၁၉ ရက်နေ့တွင် ၃နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ အမြောက်အများသေဆုံးခဲ့ကြောင်း  PDF Kalay တပ်ရင်း ၅ မှ  မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြတ်သည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင်  PDF kalay    အနေနဲ့ဖြင့် အသာစီးက ပစ်ခတ်နိုင်ခဲ့ပီး စစ်ကောင်စီတပ်သားတော်တော်များများ ကိုသုတ်သင်နိုင်ခဲ့ကြောင်း Pdf Kalay ဘက်မှအကျဆုံးမရှိ အောင်ပွဲရယူနိုင်ခဲ့ပြီး  တိုက်ပွဲကြာမြင့်သည့်အတွက်ကျည်အမြောက်များသုံးခဲ့ရသည်ဟု People's Defence Force Kalay တပ်ရင်း ၅ မှ ထုတ်ပြန်ခဲ့သည်။

ယမန်နေ့ကလည်း ကလေးမြို့ တောင်ဖီလာရပ်ကွက်တွင် ဆိုင်ကယ် ၃ စီးနှင့် လိုက်ပါ စီးနှင်းလာခဲ့သော စစ်ကောင်စီတပ်သား ၆ ဦးကို pdf kalay  မှ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦး ပွဲချင်း သေဆုံးခဲ့သည်ဟုလည်း သိရသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...