စစ်ကိုင်းတိုင်း ကလေးတောင်ပိုင်းတွင် ထိုးစစ်စင်လာသောစစ်ကောင်စီ စစ်ကြောင်းကို အသင့်စောင့်နေသော Kalay PDF တပ်ရင်း(၅)နှင့် ပူးပေါင်းအဖွဲ့တို့ မှ မတ်လ ၁၉ ရက်နေ့တွင် ၃နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ အမြောက်အများသေဆုံးခဲ့ကြောင်း PDF Kalay တပ်ရင်း ၅ မှ မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြတ်သည်။
အဆိုပါ ထုတ်ပြန်ချက်ထဲတွင် PDF kalay အနေနဲ့ဖြင့် အသာစီးက ပစ်ခတ်နိုင်ခဲ့ပီး စစ်ကောင်စီတပ်သားတော်တော်များများ ကိုသုတ်သင်နိုင်ခဲ့ကြောင်း Pdf Kalay ဘက်မှအကျဆုံးမရှိ အောင်ပွဲရယူနိုင်ခဲ့ပြီး တိုက်ပွဲကြာမြင့်သည့်အတွက်ကျည်အမြောက်များသုံးခဲ့ရသည်ဟု People's Defence Force Kalay တပ်ရင်း ၅ မှ ထုတ်ပြန်ခဲ့သည်။
ယမန်နေ့ကလည်း ကလေးမြို့ တောင်ဖီလာရပ်ကွက်တွင် ဆိုင်ကယ် ၃ စီးနှင့် လိုက်ပါ စီးနှင်းလာခဲ့သော စစ်ကောင်စီတပ်သား ၆ ဦးကို pdf kalay မှ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦး ပွဲချင်း သေဆုံးခဲ့သည်ဟုလည်း သိရသည်။







