ကန်ပက်လက်မြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ဆေးဝါးနှင့်ရိက္ခာ အကူအညီလိုအပ်

ကန်ပက်လက်မြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ဆေးဝါးနှင့်ရိက္ခာ အကူအညီလိုအပ်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းတိုက်ပွဲဖြစ်ပွားမှုကြောင့် အနည်းဆုံး ကျေးရွာ ၁၀ ရွာက ဒေသခံ ပြည်သူ တစ်ထောင်ဝန်းကျင်လောက် တောထဲကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူအညီလိုအပ်နေတယ်လို့ ကန်ပက်လက်မြို့နယ် ကြက်ခြေနီအဖွဲ့ထံကနေ သိရပါတယ်။

အင်အား ၃၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ CDF-Kanpetlet တပ်မဟာဌာနချုပ်ရှိရာဘက်ကို မတ်လ ၁၁ ရက်နေ့ကစပြီး စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာရာမှာ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကန်ပက်လက်တိုက်နယ် အမှတ် (၅) ဘက်မှာရှိတဲ့ စမ္မသား၊ စံအိမ်နူး ခီတော် မကြား စတဲ့ ကျေးရွာတွေဟာ တောထဲကို ထွက်ပြေးထွက်တိမ်းရှောင် နေကြရတာဖြစ်ပါတယ်။

“ကန်ပက်လက်မှာ တိုက်ပွဲဖြစ်ကတည်းကပဲထွက်ပြေးကြတာ တချို့ကျတော့ ကိုယ့်ရွာ အနီးအနားမှာဖြစ်တဲ့အခါကြတော့ ထွက်ပြေးတဲ့ဟာရှိတယ်။ သူတို့ ရွာတွေမှာ ရွာတလျှောက်စစ်ကြောင်းထိုးသွားတော့ တိုက်ပွဲဖြစ်တဲ့ အချိန်မှာ ပြေတဲ့သူ တွေ၊ တောထဲရှောင်တဲ့သူတွေက ထောင်ကျော်လောက်ရှိမယ်။ အဓိက သူတို့ဟာ စစ် ကြောင်းထိုးတဲ့ စစ်ကောင်စီဖက်က လမ်းကြောင်းတစ်လျှောက် ရွာထဲဖြစ်ဖြစ်၊ ရွာပတ်ဝန်းကျင်၊ လူနေအိမ် မုဦးအနီးအနားတွေမှာ လက်နက်ကြီးတောက် လျှောက်ထုတာနဲ့ မနေရဲဘူး” ကန်ပက်လက်ကြက်ခြေနီအသင်းမှ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ယခု ထွက်တောထဲကို ထွက်ပြေးတိမ်းရှောင်တဲ့ ပြည်သူတွေထဲမှာ အမျိုးသမီး၊ ကိုယ်ဝန်သည်နဲ့ ကလေးငယ်လည်းပါဝင်ပြီး ကိုယ်ဝန်သည် ၂ ဦးမှာ ထွက်ပြေးတိမ်းရှောင်ရင်း ကိုယ်ဝန်ပျက်ကျခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“အမျိုးသမီး၊ ကိုယ်ဝန်သည်၊ ကလေးငယ် အကုန်လုံးပေါင်းရင်တော့ ဒီရှောင်နေတဲ့ သူတို့ဟာ ၄၀၀ လောက်ရှိမယ်။ တချို့ဆိုရင်တော့ ပြေးရင်းနဲ့ ကိုယ်ဝန်ပျက်ကျတာ နှစ်ယောက်ရှိတယ်” လို့ သူက ပြောပါတယ်။

လက်ရှိ စစ်ဘေးရှောင်များအတွက် အားဆေး၊ ကလေးငယ်များနဲ့ လသားအရွယ် ကလေးများအတွက် ဆေးဝါးများ၊ ဓာတ်ဆားမှုန့်ထုတ်များနှင့် ဝမ်းပျက် ဝမ်းလျှော၊ ဖျားနာ၊ ချောင်းဆိုး ရင်ကြပ်ရောဂါများအတွက် ဆေးဝါးများ လိုအပ်နေပြီး စားနပ်ရိက္ခာများလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

Most read this week

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...