မုန်တိုင်းကြောင့် ခရီးသည်တင်ရေယာဉ်တစ်ချို့ ရပ်နားထား

မုန်တိုင်းကြောင့် ခရီးသည်တင်ရေယာဉ်တစ်ချို့ ရပ်နားထား

လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ရခိုင်ကမ်းရိုးတန်းဒေသသို့ ရိုက်ခတ်လာနိုင်သောကြောင့် ပြည်နယ်တွင်းပြေးဆွဲနေသည့် ခရီးသည်တင်ရေယာဉ်တချို့မှာ ရေယာဉ်ပြေးဆွဲမှုကို ယနေ့မှစတင်ကာ ရပ်နားထားသည်ဟု သိရသည်။

တောင်ကုတ်-မာန်အောင်ပြေးဆွဲနေသည့် ရေယာဉ်လိုင်းကို ယနေ့(မတ်လ ၂၁ ရက်)မှစတင်ရပ်နားလိုက်ကာ စစ်တွေ-တောင်ကုတ်ပြေးဆွဲနေသည့် ရေယာဉ်လိုင်းကိုလည်း မတ်လ(၂၂)ရက်နေ့တွင် စတင်ရပ်နားမည်ဖြစ်သည်။ ထို့ပြင် တခြားခရီးစဉ်ကိုလည်း လေပြင်းထန်လာလျှင်ရပ်နားထားမည်ဟု ရွှေပြည်တန်အမြန်ယာဉ် မန်နေဂျာ ဦးစံမော်သိန်းက DMG သို့ပြောသည်။

“ဒီနေ့တောင်ကုတ်-မာန်အောင်လိုင်းကို ရပ်နားတယ်။ မနက်ဖြန် စစ်တွေ-တောင်ကုတ်အထွက်ရှိတယ်။ အဲလိုင်းကိုလည်း ရပ်ပါမယ်။ မုန်တိုင်းပြီးလို့တစ်ရက်ကြာမှ ပြန်ထွက်မယ်။ ၂၅ ရက်နေ့လောက်ပြန်ဆွဲဖြစ်မယ်ထင်တယ်။ လေပြင်းလာရင်တော့ တခြားလိုင်းတွေအားလုံးကိုလည်းရပ်နားပါမယ်”ဟု ၄င်းကဆိုသည်။

လက်ရှိတွင် ရွှေပြည်တန်အမြန်ရေယာဉ်သည် စစ်တွေ-ဘူးသီးတောင်၊ စစ်တွေ-မြောက်ဦး၊ စစ်တွေ-ပေါက်တော၊ စစ်တွေ-မင်းပြား စသည့်ရေကြောင်းခရီးစဉ်များကို ပုံမှန်ပြေးဆွဲလျက်ရှိသည်ဟု သိရသည်။

ထို့ပြင် စစ်တွေ-ဘူးသီးတောင်သို့ပြေးဆွဲနေသည့် အောင်တံခွန်သင်္ဘောမှာလည်း ရပ်နားထားပြီဖြစ်ကြောင်း အဆိုပါရေယာဉ်လိုင်းမှ သိရသည်။

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မတ်လ ၂၃ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းအနီးသို့ ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါမုန်တိုင်းငယ်သည် နီကိုးဘားကျွန်းနှင့် ကပ္ပလီပင်လယ်ပြင်ကမ်းလွန်တစ်လျှောက် မြောက်ဘက်သို့ရွှေ့လျားပြီး နောက် (၁၂)နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း၊ နောက်(၂၄)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။

အဆိုပါမုန်တိုင်းငယ်သည် ယနေ့နေ့လယ်ပိုင်းတွင် ကိုကိုးကျွန်းအနီးသို့လည်းကောင်း၊ မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းအနီးသို့လည်းကောင်း၊ မတ်လ ၂၃ ရက်နေ့နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတန်းကို သံတွဲမြို့အနီးမှဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု မိုး/ဇလကခန့်မှန်းထားသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...