ကလေးတောင်းပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ ခန့်သေဆုံးဟု ဆို

ကလေးတောင်းပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ ခန့်သေဆုံးဟု ဆို

ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး-ဂန့်ဂေါ လမ်းမပေါ်ရှိ ကလေးနည်းပညာတက္ကသိုလ်မှတဆင့် နတ်မြောင်း၊ နတ်ချောင်း ကျေးရွာဘက်သို့  အင်းအားသုံးရာဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်ဖွဲ့များနှင့် ကလေးပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့ (PDF-Kalay) တို့အကြား မတ်လ ၁၄ ရက်နေ့က စပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ ဘက်က ၂၀ ခန့် သေဆုံးနိုင်ဟု PDF-Kalay တပ်ရင်း (၁) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ ၁၄ ရက်နေ့ကစတာ ဒီနေ့ဆိုရင် လေးရက်မြောက်ပါ။ သူတို့ကတော့ ကလေးမြို့တောင်ပိုင်းဟံသာဝတီကို လက်နက်ခဲယမ်း၊ ရိက္ခာတွေသွားပို့ရင်းနဲ့ နယ်မြေရှင်းလင်းရင်းနဲ့ တခါတည်းထိုးစစ်ဆင်တာ သုံးမျိုးပေါင်းပြီးမှ တခါတည်းလာ လိုက်တာသူတို့က။ မနေ့က သုံးရက်အတွင်းမှာ ၂၀ အထက်ရှိမယ် သူတို့ဖက်က ကျတာ။ မနေ့ကဆိုရင် လက်ဖြောင့်တပ်သားပစ်တဲ့ဟာ ၇ ယောက်ကျတယ်။ အဓိက မိုင်းဆွဲတိုက်ခိုက်တာ များတယ်။” ဟု PDF-Kalay တပ်ရင်း (၁) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နတ်မြောင်းရွာဘက်မှ နတ်ချောင်း၊ ချောင်းခွ၊ ဟားခါးလေးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာခဲ့သည့် စစ် ကောင်စီ တပ်ဖွဲ့များကို လမ်းကြောင်းတလျှောက်တွင် PDF-Kalay၊ CNDF ၊ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များက အကြိမ်ကြိမ် ဖြတ်တောက်တိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။

မတ်လ ၁၇ ရက်နေ့မနက်ပိုင်းတွင်လည်း ချောင်းခွကျေးရွာနှင့် အောင်ချမ်းသာကျေးရွာကြားတွင် ထပ်မံတိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟုလည်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် စည်သာရွာနှင့် နတ်မြောင်းရွာအကြားတွင် PDF-Kalay တပ်ဖွဲ့တို့ အသင့်တပ်ဆင် ထားသည့် တိုက်မိုင်းကွင်းများအတွင်းဝင်ရောက်ပြီး တိုက်မိုင်းများဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားထိခိုက်သေဆုံးနိုင်သည်ဟု Kalay PDF ကဆိုသည်။

စည်သာရွာဘက်မှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို သုံးကြိမ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ပြီး ကားတစ်စီး ထိမှန်ခဲ့သောကြောင့် အထိနာသည့် စစ်ကောင်စီတပ်ဖွဲ့မှ နတ်မြောင်း၊ နတ်ချောင်းကျေးရွာမှ လူနေအိမ်အလုံး ၃၀ ခန့် မီးရှို့ခဲ့ကြောင်းသိရသည်။

Most read this week

February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...