ရွှေဘို-မြစ်ကြီးနားကားလမ်းပိုင်းတွင် ခရီးသည််တင် မှန်လုံးကား ၂စီးပစ်ခံရပြီး ကားစပယ်ယာတစ်ဦးသေဆုံး

ရွှေဘို-မြစ်ကြီးနားကားလမ်းပိုင်းတွင် ခရီးသည််တင် မှန်လုံးကား ၂စီးပစ်ခံရပြီး ကားစပယ်ယာတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနားကားလမ်းပိုင်း အဝေးပြေးလမ်းမကြီးပေါ်တွင် ယနေ့ မတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ခရီးတင်ယာဥ်မှန်လုံကားနှစ်စီးပစ်ခံရပြီး ကားစပယ်ယာတစ် ဦးသေဆုံးသွားကြောင်းသိရသည်။

ပစ်ခံရမှုတွင် မနော်မန္တလာနှင့် သစ္စာလှိုင်ခရီးသည်တင်ကား ၂စီးဖြစ်ပြီးမန္တလေးမှ မြစ်ကြီးနားသို့တက်လာစဥ် ဘန့်ဘလူမြို့နယ် အဝင်တွင် ပစ်ခတ်ခံရသည်ဟု ကချင်ပြည်နယ်ယာဥ်များကြီးကြပ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

''မနော်မန္တလာကားနောက်လိုက်တဲ့ စပယ်ယာတစ်ယောက်ဆုံးသွားတယ်။ တခြားခရီးသည်တွေတော့ထိခိုက်တာမရှိဘူး။ ယာဥ်မယ်တစ်ယောက်တော့ထိတယ်။ သူ့ကိုလည်း မန္တလေးခေါ်သွားပြီး ဆေးရုံမှာ ခွဲစိတ်ကုသနေတယ်။ ''ဟု ၎င်းက ပြောသည်။

အဆိုပါကားနှစ်စီးမှာ ကန့်သတ်ချိန်ကျော်မောင်းသည့်အတွက် ပစ်ခံရခြင်းဖြစ်နိုင်ပြီး မည်သည့်အဖွဲ့အစည်းကပစ်သွားသည်ကို မသိရှိရသေးပေ။

''အဲ့လမ်းပိုင်းမှာ နာရီကန့်သတ်ထားတာရှိ တယ်လို့ပြောတယ်။ မနက် မိုးမလင်းခင် ၂ နာရီကျော်ကျော်ဆိုတော့ ဘယ်အဖွဲ့အစည်းက ဆိုတာမသိရဘူး''ဟု ၄င်းက ဆက်ပြောသည်။

ယခုကဲ့သို့ ခရီးသည်တင်ကားများပစ်ခံရမှုကြောင့် မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ကို ပိတ်ထားမည်မဟုတ်ပဲပုံမှန်အတိုင်းသွားလာ ခွင့်ပြုထားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သော ၂၀၂၁ခုနှစ် စက်တင်ဘာလတွင် စစ်ကိုင်းတိုင်း PDF အဖွဲ့မှ ခရီးသည်ယာဥ်များ ည ၈နာရီမှ နံနက်ပိုင်း ၆နာရီအချိန်အထိ သွားလာရေးကန့်သတ်ထားကြောင်း ထုတ်ပြန်မှုများလည်း ရှိခဲ့သည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...