ရွှေဘို-မြစ်ကြီးနားကားလမ်းပိုင်းတွင် ခရီးသည််တင် မှန်လုံးကား ၂စီးပစ်ခံရပြီး ကားစပယ်ယာတစ်ဦးသေဆုံး

ရွှေဘို-မြစ်ကြီးနားကားလမ်းပိုင်းတွင် ခရီးသည််တင် မှန်လုံးကား ၂စီးပစ်ခံရပြီး ကားစပယ်ယာတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနားကားလမ်းပိုင်း အဝေးပြေးလမ်းမကြီးပေါ်တွင် ယနေ့ မတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ခရီးတင်ယာဥ်မှန်လုံကားနှစ်စီးပစ်ခံရပြီး ကားစပယ်ယာတစ် ဦးသေဆုံးသွားကြောင်းသိရသည်။

ပစ်ခံရမှုတွင် မနော်မန္တလာနှင့် သစ္စာလှိုင်ခရီးသည်တင်ကား ၂စီးဖြစ်ပြီးမန္တလေးမှ မြစ်ကြီးနားသို့တက်လာစဥ် ဘန့်ဘလူမြို့နယ် အဝင်တွင် ပစ်ခတ်ခံရသည်ဟု ကချင်ပြည်နယ်ယာဥ်များကြီးကြပ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

''မနော်မန္တလာကားနောက်လိုက်တဲ့ စပယ်ယာတစ်ယောက်ဆုံးသွားတယ်။ တခြားခရီးသည်တွေတော့ထိခိုက်တာမရှိဘူး။ ယာဥ်မယ်တစ်ယောက်တော့ထိတယ်။ သူ့ကိုလည်း မန္တလေးခေါ်သွားပြီး ဆေးရုံမှာ ခွဲစိတ်ကုသနေတယ်။ ''ဟု ၎င်းက ပြောသည်။

အဆိုပါကားနှစ်စီးမှာ ကန့်သတ်ချိန်ကျော်မောင်းသည့်အတွက် ပစ်ခံရခြင်းဖြစ်နိုင်ပြီး မည်သည့်အဖွဲ့အစည်းကပစ်သွားသည်ကို မသိရှိရသေးပေ။

''အဲ့လမ်းပိုင်းမှာ နာရီကန့်သတ်ထားတာရှိ တယ်လို့ပြောတယ်။ မနက် မိုးမလင်းခင် ၂ နာရီကျော်ကျော်ဆိုတော့ ဘယ်အဖွဲ့အစည်းက ဆိုတာမသိရဘူး''ဟု ၄င်းက ဆက်ပြောသည်။

ယခုကဲ့သို့ ခရီးသည်တင်ကားများပစ်ခံရမှုကြောင့် မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ကို ပိတ်ထားမည်မဟုတ်ပဲပုံမှန်အတိုင်းသွားလာ ခွင့်ပြုထားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သော ၂၀၂၁ခုနှစ် စက်တင်ဘာလတွင် စစ်ကိုင်းတိုင်း PDF အဖွဲ့မှ ခရီးသည်ယာဥ်များ ည ၈နာရီမှ နံနက်ပိုင်း ၆နာရီအချိန်အထိ သွားလာရေးကန့်သတ်ထားကြောင်း ထုတ်ပြန်မှုများလည်း ရှိခဲ့သည်။

Most read this week

January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...