ကလေးအကျဉ်းထောင်တွင်းပစ်ခတ်မှု CNDF ရဲဘော်တစ်ဦးအပါအဝင် အကျည်းသား ၇ ဦးသေဆုံး

ကလေးအကျဉ်းထောင်တွင်းပစ်ခတ်မှု CNDF ရဲဘော်တစ်ဦးအပါအဝင် အကျည်းသား ၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြ်ို့အကျဉ်းထောင်မှာ ယမန်နေ့မတ်လ ၁၅ ရက်ညနေပိုင်းကဖြစ်ပွားတဲ့ ထောင်တွင်းပစ်ခတ်မှုမှာ အကျဉ်းသား ၇ ဦးသေဆုံးပြီး အဲဒီထဲမှာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ရဲဘော် ဆလိုင်း ရှလွန်ရှန်းထန်းလျန် (ခ) ဗန်ဒိန်း ကျဆုံးခဲ့တယ်လို့သိရပါတယ်။

ဆလိုင်း ရှလွန်ရှန်းထန်းလျန် (ခ) ဗန်ဒိန်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ကလေးမြို့မှာ စစ်အာဏာရှင် တော်လှန် ရေး အစီအစဉ်တစ်ခု တာဝန် ထမ်းဆောင်နေစဉ် စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်း ခံရပြီး ကလေး အကျဉ်းထောင်တွင် အချုပ်ကျနေသူဖြစ်ပါတယ်။

CNDF ပြောရေးဆိုခွင့်ရှိသူက “ စစ်ကောင်စီက စာထုတ်ထားတဲ့ပုံစံအရတော့ ထောင်ထဲကထွက်ပြေးဖို့ကြိုးစားတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ရေးထားတယ် အဲဒါကြောင့် ထိန်းမရလို့သေနတ်နဲ့ပစ်လိုက်ရတဲ့ပုံစံဆိုပြီးတော့ရေးထား တယ် အဲဒါလုံးဝမဖြစ် နိုင်ဘူး ထောင်ထဲမှာအပ်တစ်ချောင်းတောင်ကိုင်လို့မရတဲ့သူတွေကို ထွက်ပြေးဖို့ကြိုးစားတယ်ဆိုတဲ့ပုံစံမျိုးက ဖြစ်ကိုမဖြစ် နိုင်တဲ့ဟာ ဆူပူခဲ့ရင်တောင်ပစ်တဲ့ခတ်တဲ့အ ထိတော့ မလုပ်ပဲနဲ့ ထိန်းနိုင်တဲ့အခြေအနေမှာရှိတယ် အကြမ်းဖက်စစ်ကောင်စီ ရဲ့ယုတ်မာမှုလို့ပဲပြောရမယ်’’လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ကတော့ ကလေးအကျဉ်းထောင်မှာ အကျဉ်းသား၊ အချုပ်သား ၅၀ လောက်က အကျဉ်းထောင် တာဝန်ခံအရာရှိအပါအဝင် အရာရှိ ၃ ဦးအား ဓားစာခံပြုလုပ်ပြီး အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်ဖို့ ကြံစည် ကြိုးစားတာကြောင့် ချောက်လန့်တဲ့သဘောနဲ့ မိုးပေါ်ထောင်ပစ်ခတ်ခဲ့ရာမှာ အမျိူးသား ၁၂ ဦးဒဏ်ရာရရှိပြီးတော့ အချုပ်သား ၆ ဦး နဲ့ အကျဉ်းသား ၁ စုစုပေါင်း ၇ ဦးဆေဆုံးခဲ့တယ်လို့ မတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

Most read this week

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...