ဟိုပင်တွင် အငြိမ်းစား ပြည်သူ့စစ် ဗိုလ်ကြီးတစ်ဦး ပစ်သတ်ခံရ

ဟိုပင်တွင် အငြိမ်းစား ပြည်သူ့စစ် ဗိုလ်ကြီးတစ်ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့ တွင် အငြိမ်းစားယူနေသည့် စစ်ကောင်စီအောက် ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်ကြီးတစ်ဦး ယနေ့ ပစ်သတ်ခံရကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ နံနက် ၉ နာရီအချိန်တွင် ပစ်သတ်ခံရသူ အငြိမ်းစားပြည်သူ့စစ် ဗိုလ်ကြီး ဦးအောင်မျိုးသန့် ၎င်း၏ မိတ်ဆွေတစ်ဦးနှင့် ရွှေညီကို/ ရွှေအင်းတော်ကြီး ကားဂိတ်အနီးတွင် ကားဖြင့်ထွက်လာစဥ် လူတစ်စုက ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဖြစ်စဥ်ကို မျက်မြင်တွေ့သူ တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

”သူက ကားဂိတ်ကနေ အိမ်ပြန်မလို့ထင်တယ် ကားပေါ်တက်တဲ့အချိန် သူ့ကားပေါ်တက်ထိုင်နေတုန်းပဲရှိသေးတယ် လူ ငါးယောက် ခြောက်ယောက်လောက်က ကားနှစ်စီးနဲ့လာပြီး ပစ်သတ်သွားတယ်ဗျ။ အဲ့ဒီပြည်သူ့စစ်ဗိုလ်ကြီးက ကားပေါ်မှာပဲဆုံးသွားတယ် ကျည်ထိဒဏ်ရာတွေနဲ့” ဟု ဟိုပင် ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသွားသည့် အငြိမ်းစားပြည်သူ့စစ် ဗိုလ်ကြီးမှာ အသက် ၅၀ ကျော်ရှိပြီး မည်သည့်အဖွဲ့က ပစ်ခတ်သွားသည်ကို အတည်မပြုနိုင်သေးပါ။

အဆိုပါပစ်ခတ်မှုတွင် ရွှေအင်းတော်ကြီး ကားဂိတ်မှုးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပြီး လတ်တလော ဟိုပင်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ဟိုပင်မြို့တွင် ၂၀၂၁ နိုဝင်ဘာလ ၇ ရက်နေ့ကလည်း ထူးထိုက်စံလက်ဖက်ရည်ဆိုင်အတွင်း စစ်ကောင်စီအောက် ပျူစောထီးအဖွဲ့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် စုစုပေါင်းစုစုပေါင်း ၆ ဦး သေဆုံးခဲ့သည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...