ဟိုပင်တွင် အငြိမ်းစား ပြည်သူ့စစ် ဗိုလ်ကြီးတစ်ဦး ပစ်သတ်ခံရ

ဟိုပင်တွင် အငြိမ်းစား ပြည်သူ့စစ် ဗိုလ်ကြီးတစ်ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့ တွင် အငြိမ်းစားယူနေသည့် စစ်ကောင်စီအောက် ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်ကြီးတစ်ဦး ယနေ့ ပစ်သတ်ခံရကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ နံနက် ၉ နာရီအချိန်တွင် ပစ်သတ်ခံရသူ အငြိမ်းစားပြည်သူ့စစ် ဗိုလ်ကြီး ဦးအောင်မျိုးသန့် ၎င်း၏ မိတ်ဆွေတစ်ဦးနှင့် ရွှေညီကို/ ရွှေအင်းတော်ကြီး ကားဂိတ်အနီးတွင် ကားဖြင့်ထွက်လာစဥ် လူတစ်စုက ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဖြစ်စဥ်ကို မျက်မြင်တွေ့သူ တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

”သူက ကားဂိတ်ကနေ အိမ်ပြန်မလို့ထင်တယ် ကားပေါ်တက်တဲ့အချိန် သူ့ကားပေါ်တက်ထိုင်နေတုန်းပဲရှိသေးတယ် လူ ငါးယောက် ခြောက်ယောက်လောက်က ကားနှစ်စီးနဲ့လာပြီး ပစ်သတ်သွားတယ်ဗျ။ အဲ့ဒီပြည်သူ့စစ်ဗိုလ်ကြီးက ကားပေါ်မှာပဲဆုံးသွားတယ် ကျည်ထိဒဏ်ရာတွေနဲ့” ဟု ဟိုပင် ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသွားသည့် အငြိမ်းစားပြည်သူ့စစ် ဗိုလ်ကြီးမှာ အသက် ၅၀ ကျော်ရှိပြီး မည်သည့်အဖွဲ့က ပစ်ခတ်သွားသည်ကို အတည်မပြုနိုင်သေးပါ။

အဆိုပါပစ်ခတ်မှုတွင် ရွှေအင်းတော်ကြီး ကားဂိတ်မှုးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပြီး လတ်တလော ဟိုပင်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ဟိုပင်မြို့တွင် ၂၀၂၁ နိုဝင်ဘာလ ၇ ရက်နေ့ကလည်း ထူးထိုက်စံလက်ဖက်ရည်ဆိုင်အတွင်း စစ်ကောင်စီအောက် ပျူစောထီးအဖွဲ့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် စုစုပေါင်းစုစုပေါင်း ၆ ဦး သေဆုံးခဲ့သည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...