ဂျပန် ကိုယ်စားလှယ်နှင့် လက်နက်ကိုင်အဖွဲ့အချို့ တွေ့ဆုံ

ဂျပန် ကိုယ်စားလှယ်နှင့် လက်နက်ကိုင်အဖွဲ့အချို့ တွေ့ဆုံ

ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံအမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူး ကိုယ်စားလှယ်  မစ္စတာဆာဆာ ကာဝါနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအချို့တို့ မတ်လ ၁၀ ရက်နေ့ တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မစ္စတာ ဆာဆာကာဝါ သည် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အပြင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များဖြစ်ကြသည့် ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်ဆစ် ဦးဆောင်သည့် အဖွဲ့တို့နှင့် တစ်ဖွဲ့ ချင်းအလိုက် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မစ္စတာ ဆာဆာကာဝါ နှင့် KNPP တို့ တွေ့ဆုံဆွေးနွေးပွဲသို့ KNPP ဥက္ကဋ္ဌ ခူဦးရယ်အပြင် အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်နှင့် ကရင်နီ အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့မှ နယ်နဲပလိုးတို့ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပါဝင်သည့် KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က တွေ့ဆုံဆွေးနွေးခဲ့ကြသည့် အကြောင်း အရာများနှင့် ပတ်သက်၍ အခုလိုပြောသည်။

၎င်းက “ဘာမှ ထူးထူးထွေထွေ မရှိပါဘူး။ ကျနော်တို့ နီပွန်ဖောင်ဒေးရှင်းနဲ့က လူသားချင်း စာနာမှုဆိုင်ရာ အကူ အညီနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အရင်ကတည်းက လုပ်ထားတာရှိတယ်လေ။ ကျနော်တို့ ပညာရေးနဲ့ ဘာ တို့နဲ့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးမှ ကျနော်တို့ ဒါ ဒီနေ့ဒီအချိန်မှာ ကျနော်တို့ ဆက်လက်ပြီးမှ ကူညီဆောင်ရွက်ဖို့ ဘယ်လိုနည်းလမ်းနဲ့ လုပ်ကြမလဲ ဆိုတာကို ဆွေးနွေးတာဖြစ်ပါတယ်လို့ ကျန်တာဘာမှ မရှိပါဘူးနော်” ဟု ပြော သည်။

တွေ့ဆုံဆွေးနွေးရာတွင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး ပဋိပက္ခများကြောင့် ဒုက္ခရောက်နေသည့် ပြည်သူများ ကို အကူအညီပေးရေး ကိစ္စနှင့် ယခင်က ပူးတွဲလုပ်ဆောင်ထားသည့် လူသားချင်းစာနာထောက်ထားမှု အကူ အညီပေးရေးနှင့် ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု KNPP က ဆိုသည်။

ဒါ့အပြင် လက်ရှိ အခြေအနေအရ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စရပ်များကို ဒီထက် မက ပိုမိုလုပ်ဆောင်နိုင်အောင် ဆွေးနွေးခဲ့ကြသော်လည်း  နှစ်ဖက်ကြား သဘောတူညီမှု တစ်စုံတစ်ရာ ချမှတ်နိုင် ခြင်း မရှိဟု ဦးအောင်ဆန်းမြင့်က ဆက်ပြောသည်။

“အခုက အရင်က ပညာရေးတွေ ထောက်ပံ့ထားတယ်လေ။ အဲဒါကိစ္စကိုပဲ ကျနော်တို့ ပြန်ဆွေးနွေးတာ ဖြစ် တယ်။ အဲဒါပဲလေနော်။ ဒီနေ့ အခြေအနေတွေကတော့ ဒီထက်ပိုပြီးတော့ ဘယ်လို ထောက်ပံ့နိုင်အောင်ဆိုတာကို နည်းလမ်းရှာတဲ့ သဘောပါပဲ ဘာမှ ကျနော်တို့ ကြားထဲမှာ သဘောတူညီချက်လည်း မရှိပါဘူး။ ဘာမှလည်း မရှိပါဘူး။ ဒီလိုပါပဲ ဆက်ဆံရေးအရ တွေ့တာပဲလေနော်။ ဘာမှ မရှိသေးပါဘူးလို့ ကျနော်တို့ ဘယ်လိုလုပ်မလဲ ဆိုတဲ့ နည်းလမ်းကို နှစ်ဖက် ဆွေးနွေးတဲ့ သဘောပါပဲ။ ဒါကတော့ တကယ့် လက်တွေ့ကတော့ လောလောဆယ် မှာ ဘာမှ အစီအစဉ် မရှိသေးဘူးပေါ့နော်။”

မစ္စတာဆာဆာကာဝါသည် KNPP အပြင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အချို့ ဖြစ် သည့် ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ရှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်ဆစ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မစ္စတာ ဆာဆာကာဝါနှင့် ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့ တွေ့ဆုံ ရာတွင် အခြားနိုင်ငံရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးမည် မဟုတ်ကြောင်းနှင့် လေးကေ့ကော် မြို့ သစ် ကိစ္စရပ်များကိုသာ ဆွေးနွေးမည်ဟု KNU  ဗဟိုကော်မတီဝင် နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီးက သတင်းမီဒီယာများကို ပြောဆိုထားသည်။

သို့သော် RCSS နှင့် မစ္စတာ ဆာဆာကာဝါတို့ ဆွေးနွေးခဲ့သည့် အကြောင်းအရာနှင့် ပတ်သက်ပြီး သိရှိနိုင်ရန် RCSS ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်သော်လည်းမရပေ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ စစ်တပ်အာဏာသိမ်းပြီးနောက် ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံအမျိုးသား ပြန် လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်  မစ္စတာဆာဆာကာဝါနှင့် ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အချို့တို့ တွေ့ဆုံမှုသည် ပထဆုံးအကြိမ်ဖြစ်သည် ဟု သိရသည်။

မစ္စတာ ဆာဆာကာဝါနှင့် နိပွန်ဖောင်ဒေးရှင်းသည် ရက္ခိုင့်တပ်တော် AA နှင့် မြန်မာ့တပ်မတော်တို့အကြား တရားမဝင် အပစ်အခတ်ရပ်စဲမှု ပြုလုပ်နိုင်ရန်အတွက်လည်း ကြားဝင်စေ့စပ်ပေးခဲ့သည်။

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...