ကိုးရက်တာ ချင်းပြည်နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈၀ ခန့်သေဆုံး

ကိုးရက်တာ ချင်းပြည်နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈၀ ခန့်သေဆုံး

ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်မတော်၊ ချင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိ ကိုးရက်တာအတွင်း တိုက်ပွဲပေါင်း ၁၈ ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီ ဘက်က ၈၀ ကျော်သေဆုံးခဲ့ သည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ထုတ်ပြန်သည်။

ဖလမ်းမြို့မှ ဟားခါးမြို့သို့ ဦးတည်လာသော စစ်ကောင်စီတပ်၏ ထောက်ပို့တင့်ကားနှစ်စီးနှင့် စစ်ကောင်စီ တပ်အင်အား ၂၀၀ ခန့်ပါရှိသော စစ်ကား ၂၇ စီးကို ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့က ၁၅ ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၇၀ ဝန်းကျင်သေဆုံးခဲ့သည်ဟု မတ်လ ၈ ရက်နေ့က ချင်းအမျိုးသားတပ်ဦး (CNF) က ထုတ်ပြန်သည်။

CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ကျနော်တို့က ပြောက်ကျားနည်းနဲ့ချုံခိုတိုက်ခိုက်တာဆိုတော့ အသေ အပျောက်နည်းတယ်၊ သူတို့(စစ်ကောင်စီ)က ကျောက်ကမ်းပါးအောက်မှာ စုပြီးနေရာယူတော့ ကမ်းပါးကို မိုင်းနဲ့ဖြိုတာ သူတို့အထိနာသွားတယ်၊ လက်နက်အားမမျှပေမယ့်  နယ်မြေကျွမ်းကျင်မှု နဲ့ စိတ်ဓာတ်က လုံးဝကွာတာပေါ့" ဟု ပြောသည်။

ဖလမ်း-ဟားခါးအကြား တိုက်ပွဲများတွင် ချင်းအမျိုးသားတပ်မတော်(CNA)၊ CDF-Hakha ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး CNA မှ ရဲဘော်သုံးဦးနှင့် CNDF မှ ရဲဘော် တစ်ဦးကျဆုံးခဲ့သည်။

ထို့အပြင် ဖလမ်းမြို့နယ် အမှတ် ၂ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းမပေါ်တွင် လှုပ်ရှားနေသည့် စစ် ကောင်စီတပ်ဖွဲ့များနှင့် သုံးကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးခဲ့ပြီး ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိခိုက်ကျဆုံးမှုမရှိကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် CNA/CNDF တို့အပြင် PDF-Zoland/ Civic Defense Militia (CDM) (CDF-Hualngoram) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

Most read this week

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...