မူဆယ်မြို့နယ် အတွင်း ဆိုင်ကယ်ဈေးသည် သေနတ်ပစ်သတ်ခံရ

မူဆယ်မြို့နယ် အတွင်း ဆိုင်ကယ်ဈေးသည် သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု နောင်ဆိုင်ကျေးရွာတွင် စျေးသည်အမျိုးသားနှစ်ဦး သေနတ်ပစ်သတ်ခံရပြီး တစ်ဦးသေဆုံးသွားကြောင်း စုံစမ်းသိရသည်။

အခင်းဖြစ်ပွားသည့် မတ်လ (၉)ရက် နေ့လည် (၁၁)နာရီဝန်းကျင်ခန့်တွင် အမည်မသိလက်နက်ကိုင်က ၎င်းစျေးသည် အမျိုးသားနောက် လိုက်လာပြီး ပစ်သတ်ခဲ့ကြောင်း သိရသည်။

“လာပစ်သွားတဲ့သူက သေနတ်ကို ဆာလအိတ်ထဲ ထည့်လာပြီး ပစ်သတ်သွားတယ်လို့ပြောတယ်။ တစ်ယောက်ကတော့ ပွဲချင်းပြီး သေသွားတယ်။ နောက်တစ်ယောက်ကတော့ ခြေထောက်မှာ နည်းနည်းထိသွားတယ်။ ပိုက်ဆံတွေ ဖုန်းတွေလည်း ယူသွားတယ်” ဟု နောင်ဆိုင်ရွာခံ အသက် (၃၀)ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။

မူဆယ်မြို့မှ နောင်ဆိုင်ကျေးရွာသို့ သူငယ်ချင်းတစ်ဦးနှင့် ဟင်းရွက် လာရောင်းစဉ် ပစ်သတ်ခံရကြောင်း သိရှိရသည်။

“မနေ့ကတည်းက သူများ သူ့နောက်ကနေ လိုက်ကြည့်နေတယ်လို့ သူ့ သူငယ်ချင်းကိုလည်း သူပြောသေးတယ်။ သူ့သူငယ်ချင်းက ဘာပြန်ပြောလဲဆိုတော့ ငါတို့ကစျေးသည်ပဲ ဘာမှမဟုတ်ဘူးထင်တယ်ဆိုပြီး ပြောလိုက်ကြသေးတယ်” ဟု နောင်ဆိုင်ဒေသခံ တစ်ဦးက ပြောသည်။

ယမန်နေ့ မတ်လ (၈)ရက်နေ့တွင်လည်း ပြည်သူ့စစ်နေအိမ်အား အမည်မသိလက်နက်ကိုင်တစ်ဖွဲ့က လာရောက်ပစ်ခတ်ရာ ပြည်သူ့စစ် (၂)ဦး ပွဲချင်းပြီး သေဆုံးသွားပြီး (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရှိရသည်။

မူဆယ်မြို့သည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များ သွားလာလှုပ်ရှားသည့် နေရာဖြစ်သည့်အပြင် ယခုလို ပစ်ခတ် သတ်ဖြတ်လုယက်မှုများလည်း မကြာခဏ ဖြစ်ပွားသည့် နယ်စပ်မြို့ဖြစ်သည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...