မူဆယ် နာရေးပြုလုပ်နေသည့် ပြည်သူ့စစ်နေအိမ် သေနတ်ပစ်ခံရ (၂)ဦးသေ၊ (၂)ဦးဒဏ်ရာရ

မူဆယ် နာရေးပြုလုပ်နေသည့် ပြည်သူ့စစ်နေအိမ် သေနတ်ပစ်ခံရ (၂)ဦးသေ၊ (၂)ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ မြောက်ရပ်ကွက် နာရေးပြုလုပ်နေသည့် နေအိမ်ကို ယနေ့ (မတ် ၈)ရက် နေ့လည် (၁)နာရီဝန်းကျင်က အမည်မသိလက်နက်ကိုင်တပ်ဖွဲ့ လာရောက်ပစ်ခတ်ရာ (၂)ဦး သေဆုံးသွားပြီး (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အခင်းဖြစ်ပွားသည့် မတ်လ (၈)ရက် နေ့လည် (၁)နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင် တပ်ဖွဲ့ က ဆိုင်ကယ်မောင်းလာပြီး နာရေးပြုလုပ်သည့် ပြည်သူ့စစ်နေအိမ်ကို လာပစ်ခတ်သွားကြောင်း မြောက်ရပ်ကွက်နေထိုင်သူများက ပြောသည်။

“စက်သေနတ်နဲ့ လာပစ်သွားတယ်လို့တော့ ပြောတယ်။ ဘယ်က ပြည်သူ့စစ်လဲတော့ မသိရဘူး။ အဲ့နား ဝန်းကျင်တွေကတော့ ဆိုင်ကယ်စီးပြီးလာတယ်လို့ပြောတယ်” ဟု မူဆယ်မြို့ မြောက်ရပ်ကွက်နေ အသက် (၃၀) ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

လာရောက်ပစ်ခတ်သည့် သူသည် မည်သည့်အဖွဲ့ကဖြစ်သည်ကို မသိရှိရသေးကြောင်း၊ ဘယ်နှယောက်လာသည်ကိုလဲ မသိရှိရသေးကြောင်း မြောက်ရပ်ကွက်တွင် နေထိုင်သူများက ပြောဆိုကြသည်။

“ဘယ်အဖွဲ့ လာပစ်သွားလဲ မသိရဘူး။ ခုတော့ ဒဏ်ရာရရှိသူ (၂)ဦးကိုတော့ ပရဟိတတွေ လာခေါ်သွားပြီ ထင်တယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၃၁)ရက် နေ့လည် (၁၂)နာရီခွဲကျော်ကလည်း မူဆယ်မြို့မစျေး ဘေးလမ်း ကားပေါ်တွင်ရှိသည့် ကောင်းခါးပြည်သူ့စစ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရှိရသည်။

မူဆယ်မြို့သည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များ သွားလာလှုပ်ရှားသည့် နေရာဖြစ်သည့်အပြင် ယခုလို ပစ်ခတ် သတ်ဖြတ်လုယက်မှုများလည်း မကြာခဏ ဖြစ်ပွားသည့် နယ်စပ်မြို့ဖြစ်သည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...