အင်းလေးဒေသရောက် စစ်ရှောင်များ ဆေးဝါးအကူအညီလိုအပ်နေ

အင်းလေးဒေသရောက် စစ်ရှောင်များ ဆေးဝါးအကူအညီလိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ နှင့် အနီးတစ်ဝိုက်ရောက်နေသည့် ကရင်နီပြည်မှ စစ်ရှောင်များ ဖျားနာနေပြီး ဆေးဝါးအကူအညီ လိုအပ်နေကြကြောင်း စစ်ရှောင်များကို ကူညီနေသူများထံမှ သိရသည်။

အင်းလေးဒေသအတွင်း ရောက်ရှိနေသော စစ်ရှောင် ၂၀၀ နီးပါးထဲမှ အသက် ၁၅ နှစ်အောက် ကလေးများနှင့် သက်ကြီးရွယ်အိုများသည် ဖျားနာနေကြပြီး ဆေးဝါးဆိုင်ရာကုသမှုများ အရေးကြီး လိုအပ်နေကြောင်း စစ်ရှောင်ကူညီပေးနေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စာရင်းအရ ၁၅၀ ကျော် အားလုံးနီးပါးက ဖျားကြတယ်၊ တချို့က ကိုဗစ် ဖြစ်နေတယ်၊ အတူတူ နေကြရတုန်းပဲ၊ ခွဲထားဖို့ အဆင်မပြေဘူး၊ နေရာမရှိလို့၊ ပြီးတော့ ဆေးဝါးတွေ ကုသမှုတွေလည်း အရေးကြီး လိုအပ်နေပါတယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် အဆိုပါ စစ်ရှောင်များကို CDM ဆရာ/ဆရာမများနှင့် ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေ သည့် ဆရာ/ဆရာမများက စောင့်ရှောက်မှုပေးနေကြသော်လည်း ဆေးဝါး နှင့် ကုသမှုဆိုင်ရာ ပစ္စည်းကိရိယာများ လုံလောက်မှု မရှိကြောင်း သတင်းသိရသည်။

“အခုဆို တချို့က အရမ်းဖျားပြီး ဘာမှ မစားနိုင်တာတွေလည်း ရှိနေတယ်၊ ဆေးဝါးအတွက်လည်း လုံလုံလောက်လောက်မရှိလို့ ကူညီပေးကြပါလို့ ပြောချင်တယ်” ဟု စစ်ရှောင်များကိုကူညီပေးနေသူက ပြောသည်။

အဆိုပါ ကရင်နီစစ်ရှောင်များသည် စစ်တပ်မှ ကျေးရွာများထဲထိ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်လာမှု ကြောင့် ထွက်ပြေးတိမ်းရှောင်လာရခြင်းဖြစ်ပြီး ယခုလဆန်းပိုင်းမှ ထွက်ပြေးလာကြသူများရှိသလို နှစ်လကျော် ကြာသည်အထိ ထွက်ပြေးလာကြသူများလည်း ရှိကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...