သီပေါမြို့ KBZ ဘဏ် ဓားပြတိုက်ခံရ

သီပေါမြို့ KBZ ဘဏ် ဓားပြတိုက်ခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရှိ KBZ ဘဏ် ယနေ့ (ဖေဖော်ဝါရီ ၂၈)ရက် မွန်းလွဲ ၃ နာရီ တွင် ဓားပြတိုက်ခံရကြောင်း သတင်းသိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက် မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် သီပေါမြို့ KBZ ဘဏ်သို့ လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသားသုံးဦး ရောက်ရှိလာပြီး ဓားပြတိုက်ယူသွားကြောင်း ကနဦး သတင်းသိရသည်။

“ဟုတ်ပါတယ်၊ မျက်နှာဖုံးကိုယ်စီနဲ့ အမျိုးသားသုံးဦးပါ၊ ကနဦးသိရှိချက်အရ ငွေ စုစုပေါင်း သိန်းပေါင်း ၁၀၀၀ ကျော် ပါသွားတယ်လို့ သိရတယ်၊ အခုတော့ စစ်ဆေးမှုတွေ ပြုလုပ်နေတုန်းပါ၊ တရားခံတွေတော့ ထွက်ပြေး လွတ်မြောက်သွားတယ်” ဟု အခင်းဖြစ်ပွားနေရာသို့ရောက်နေသည့် တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဖြစ်စဥ်များနှင့် ပတ်သက်ပြီး ဖြစ်စဥ်အသေးစိတ်နှင့် ထိခိုက်ဒဏ်ရာရသူ ရှိမရှိကို စုံစမ်းစစ်ဆေး နေကြောင်းလည်း ၎င်းက ပြောသည်။

လက်ရှိတွင် ရပ်ကွက်မှ တာဝန်ရှိသူများ၊ ရဲနှင့်စစ်သားများ ရောက်လာပြီး CCTV များနှင့် အနီးပတ်ဝန်းကျင်မှ ပြည်သူများကို စစ်ဆေးမှုများပြုလုပ်နေကြောင်း သတင်းသိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...