ကသာ တွင် CDM ဝင်လာသည့် ရဲနှင့် စစ်သား ၄၀ ကျော်ရှိ

ကသာ တွင် CDM ဝင်လာသည့် ရဲနှင့် စစ်သား ၄၀ ကျော်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာနယ်မြို့နယ်တွင် ယနေ့ထိ CDM ဝင်လာသော ရဲနှင့်စစ်သား ၄၀ ကျော်အထိ ရှိပြီး အရာရှိအဆင့် ၄ ဦးလည်း ပါဝင်ကြောင်း သိရသည်။

ကသာနယ်တွင် လွန်ခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့မှ ဖေဖော်ဝါရီ ၂၅ ရက်နေ့အထိ CDM ဝင်လာသည့် ရဲနှင့် စစ်သား ၄၃ ဦးအထိရှိလာပြီး ယင်းတွင် တပ်ကြပ်အဆင့်သုံးဦးနှင့် ဗိုလ်မှူးအဆင့်တစ်ဦး ပါဝင်ကြောင်း ကသာပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

”အာလုံးပေါင်း လေးဆယ်သုံး ယောက်အထိ CDM လုပ်လာတယ်။ အဲ့ဒီအထဲမှာ စစ်တပ်ကဗိုလ်မှူးတစ်ဦး၊ တစ်တပ်က ဒုတပ်ကြပ်တစ်ဦးနဲ့ ရဲဘက်ဘ တပ်ကြပ်အဆင့်နှစ်ဦးပါဝင်ပါတယ်။ ကျန်တာအားလုံးက တပ်သား အဆင့်တွေပါပဲ” ဟု ကသာမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

CDM ဝင်လာသည့် အဆိုပါ ၄၃ ဦးတွင် ရဲအများဆုံးဖြစ်သည်ဟု သိရသည်။

”အဲ့ဒီထဲမှာ အများဆုံးပါဝင်တာက ရဲတွေလို့ ပဲသိရပါတယ်။ ရဲဘယ်နှစ်ယောက် စစ်သား ဘယ်နှစ်‌‌ယောက် ပါဝင်တယ်ဆိုတဲ့ သီးသန့်အရေအတွက်တော့ မြေမြင်သတင်းအချက်အလက်ရယူဖို့ခက်ခဲတဲ့အနေအ ထားကြောင်းမသိရှိရပါဘူး”ဟု ကသာ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ CDM ဝင်လာသည့် ၄၃ ဦးကို စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ လွတ်မြောက်နယ်မြေထဲသို့ ပို့ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် ယင်း CDM ၄၃ ဦးအား NUG အစိုးရမှ ငွေသားနှင့် စားနပ်ရိက္ခါ ထောက်ပံ့ပေးမှုများရှိပြီး ထပ်ဝင်လာမည့် CDM ဝန်ထမ်းများရှိပါက ကြိုဆိုကြောင်း နှင့် အတတ်နိုင်ဆုံး ထောက်ပံ့ကူညီပေးသွား မည်ဖြစ်ကြောင်း ကသာမြို့နယ် PDF တပ်ဖွဲ့မှ သိရသည်။

July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...
July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...
July 24, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နာမ့်ထွမ်ချောင်းနှင့် မကျော့ဝါကျေးရွာတို့တွင် မြို့ပေါ်မှ...
July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...