ကျိန်ခရန် ဒေသခံများအသုံးပြုသောလမ်းကို ကုမ္ပဏီ ခြံစည်းရိုးကာလိုက်သဖြင့် သွားလာရေးအခက်တွေ့

ကျိန်ခရန် ဒေသခံများအသုံးပြုသောလမ်းကို ကုမ္ပဏီ ခြံစည်းရိုးကာလိုက်သဖြင့် သွားလာရေးအခက်တွေ့

မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသ ကျိန်ခရန်ခ (Chying Hkrang Hka Mare) ကျေးရွာတွင် ဒေသခံပြည်သူများ ဖြတ်သန်းသွားလာနေသော လမ်းကို ကချင်လုပ်ငန်းရှင်တစ်ဦးက ခြံကာလိုက်သောကြောင့် အခက်အခဲကြုံတွေ့နေရသည်ဟု သိရသည်။

ကျိန်ခရန်ကျေးရွာတွင် ဒေသခံများ စားဝတ်နေရေးအတွက် နှစ်ပေါင်းများစွာအသုံးပြုနေသည့် လမ်းမကြီး ၄ခုကို JADELAND MYANMAR GROUP OF COMPANIES မှ ခြံစည်းရိုးခတ်လိုက်သောကြောင့် နေ့စဉ်သွားလာရေးတွင် ခက်ခဲနေပြီဟု  ဒေသခံအမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

“ရွာပတ်ပတ်လည် အားလုံး ထွင်းဖောက်လိုက်တယ်။ အရင်တုန်းကနေ ဒေသခံတွေ သွားလာတဲ့ လမ်း ၄ခု လောက် ပါသွားတယ်။ ပြီးရင် ခြံစည်းရိုးတွေကာလိုက်တော့ သွားလာလို့မရတော့တဲ့အခြေအနေပေါ့လေ။ အခုသူတို့ ပိတ်လိုက်တဲ့ လမ်းတွေက ရွာသားတွေ ဟိုးအရင်ကတည်းကနေ အမြဲသွားလာလှုပ်ရှားနေတဲ့သွားလမ်းတွေဖြစ်တယ်။ အရင်တုန်းကဆို နွားလှည်း၊ ကားတွေနဲ့သွားလို့ရတယ်။ အခုက ဆိုင်ကယ်တောင်ဖြတ်လို့မရတော့ ပိုဆိုးသွားတာပေါ့။” ဟု ပြောဆိုသည်။

လက်ရှိနိုင်ငံရေး မတည်ငြိမ်မှုကြောင့် ကြပ်တည်းနေသည့်ကာလတွင် ဒေသခံများအနေဖြင့် ကျေးရွာအနီး မြစ်ချောင်းများကို မှီခိုကာ လုပ်ကိုင်စားသောက်နေရသောကြောင့် ကျေးရွာသားများ အသုံးပြုသောလမ်းကို မပိတ်စေလိုကြောင်း ဒေသခံများ တောင်းဆိုထားသည်။

“တစ်ရွာလုံးက လမ်းတွေပိတ် ခြံစည်းရိုးတွေ ကာလိုက်တော့ စိတ်ဆိုးနေကြတယ်။ လိုအပ်လို့ ရွာအပြင်ဘက်မှာ ဟင်းသီးဟင်းရွက်ခူးဖို့၊ ထင်းခွေဖို့သွားရင်တောင် သွားဖို့လာဖို့အရမ်းခက်ခဲသွားပြီး။ သူတို့အနေနဲ့လည်း ဒါကိုနားလည်းပေးရမယ်။ သူတို့ပိတ်မယ်ဆိုရင်လည်း လမ်းနေရာကိုတော့ချန်ထားပြီး လုပ်ရင်တော့ တစ်ရွာလုံးအတွက် အကျိုးရှိတယ်လေ” ဟု နောက်ထပ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ကချင်လုပ်ငန်းရှင်မှ ယခုလို လမ်းဖောက်ထွင်းမှုနှင့် ခြုံစည်းရိုးကာလိုက်ခြင်းကြောင့် မကျေနပ်သည့် ဒေသခံ လူငယ် ၄ဦး နှင့် ကုမ္ပဏီကြား အငြင်းပွားမှုတစ်ခုဖြစ်ခဲ့ကြောင်း ထပ်မံသိရသည်။

September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...
September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...
စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...