ပျောက်ဆုံးသားအမိ ၃ ယောက် အရိုးစုများ စစ်ကောင်စီတပ်ဖွဲ့မှ မီးရှို့သတ်ဖြတ်ဟုဆို

ပျောက်ဆုံးသားအမိ ၃ ယောက် အရိုးစုများ စစ်ကောင်စီတပ်ဖွဲ့မှ မီးရှို့သတ်ဖြတ်ဟုဆို

ကလေးမြို့နယ်တောင်ပိုင်း သံဖိုကျေးရွာအနီး တောင်ယာတဲတစ်ခုတွင် စစ်ကောင်စီတပ်ဖွဲ့မှ မီးရှို့သတ်ဖြတ်သည့် အရိုးစုများ ယနေ့ တွေ့ရှိကြပြီး ချောင်းခွကျေးရွာမှ ပျောက်ဆုံးသွားသည့် သားအမိ ၃ ယောက်၏ အရိုးစုများ ဖြစ်နိုင်ဟု Chinland Defense Force – Kalay-Kabaw-Gangaw (CDF-KKG) ထုတ်ပြန်သည်။

ကလေးမြို့နယ်တောင်ပိုင်း၊ ချောင်းခွကျေးရွာမှ သားအမိ (၃) ဦးကို သံဖိုကျေးရွာအနီး တောင်ယာအတွင်းရှိ ၎င်းတို့ပိုင် တဲအိမ်မှနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဓါးစာခံပြုလုပ် ဖမ်းဆီးသွားခဲ့ရာ ယခုတိုင် အဆက်အသွယ်မရသေးပဲ ပျောက်ဆုံးလျက်ရှိသည်။

ဒေသခံပြည်သူအချို့နှင့် မျက်မြင်သက်သေအချို့၏ ပြောကြားချက်အရ သံဖိုကျေးရွာ အရှေ့ဘက် ယာတောအတွင်းရှိ တဲအိမ်တစ်ခုအတွင်းမှ သေနတ်သံ (၃) ချက်ကြားရပြီးနောက် တဲအိမ်ကို စကစတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့သည်ဟု CDF-KKG ထုတ်ပြန်သည်။

ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့၊ နံနက် ၁၁ နာရီခန့်တွင် ၎င်းမီးရှို့ခံရသည့် တဲအိမ်ကို CDF - KKG နှင့် CNDF တပ်ဖွဲ့ ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ မီးလောင်ကျွမ်းနေသည့် အရိုးစုများကို တွေ့ရှိခဲ့ရပြီး၊ ၎င်းအရိုးစုများမှာ ယမန်နေ့က ဖမ်းဆီးခံရသည့် ဒေါ် ...... (၄၀ နှစ်)၊ မ ..... (၁၆ နှစ်)၊ မ ..... (၁၄ နှစ်) တို့၏ အရိုးစုများဖြစ်နိုင်ခြေရှိသည်ဟု CDF-KKG ၏ ထုတ်ပြန်ချက်မှာ ဖော်ပြသည်။

စကစတပ်ဖွဲ့များက ၎င်းသားအမိ (၃) ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီးနောက် တဲအိမ်နှင့်အတူ တပါတည်း မီးရှို့သတ်ဖြတ်လိုက်ခြင်းဖြစ်နိုင်သည်ဟု ရရှိထားသော အချက်အလက်များကို ထောက်ရှုပြီး ခန့်မှန်းထားပါသည်ဟု CDF-KKG က ဆိုသည်။

ထို့ပြင် ယနေ့ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင်ပင် သံဖို၊ ရန်ကြီးအောင် အစရှိသည့် ကျေးရွာများမှ စစ်ဘေးရှောင်နေကြသည့် ဒေသခံပြည်သူများခိုလှုံရာနေရာများဆီသို့ စကစတပ်ဖွဲ့ဝင်များမှ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့ရာ စစ်ဘေးရှောင်ပြည်သူတစ်ဦး သေဆုံးသွားကြောင်း ကနဦး သတင်းရရှိပါသည်။

Most read this week

February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...