BIMSTEC အနေဖြင့် စစ်ကောင်စီနှင့် အဆက်အသွယ်ဖြတ်ရန် India for Myanmar မှအိတ်ဖွင့်စာပေးပို့

BIMSTEC အနေဖြင့် စစ်ကောင်စီနှင့် အဆက်အသွယ်ဖြတ်ရန် India for Myanmar မှအိတ်ဖွင့်စာပေးပို့

BIMSTEC အနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည်ဟု စွပ်စွဲခံထားရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အဆက်အသွယ် ဖြတ်တောက်ရမည်ဖြစ်ကြောင်း India for Myanmar မှအိတ်ဖွင့်စာပေးပို့ခဲ့သည်။

အိတ်ဖွင့်ပေးစာတွင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်ဇွန်လတွင် BIMSTEC တည်ထောင်ခြင်း (၂၄) နှစ်ပြည့် အခမ်းအနားသို့ မိမိကိုယ်ကို နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ၏ ဂုဏ်ထူးဆောင် အဖြစ်ရည်ညွှန်းသည့် သဝဏ်လွှာပေးပို့ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံရှိ BIMSTEC စစ်ရေးလေ့ကျင့်မှုများတွင်လည်း မြန်မာနိုင်ငံအားဖိတ်ကြားခဲ့သကဲ့သို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အများအပြားတက်ရောက်သည့် မှတ်တမ်းများလည်းရှိကြောင်း၊ BIMSTEC အဖွဲ့ဝင်နိုင်ငံအများစုသည် ဒီမိုကရေစီနိုင်ငံများဖြစ်သည့်အတွက် စစ်ကောင်စီအား အသိအမှတ်ပြုခြင်းကြောင့် ဂုဏ်သိက္ခာထိခိုက်စေသည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများနှင့် မြန်မာနိုင်ငံသားများမှ စုပေါင်းရှုတ်ချခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင်ကျင်းပမည့် ငါးကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ်ဖိတ်ကြားပြီး ခွင့်ပြုပါက ကမ္ဘာတစ်ဝှမ်းရှိ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီအဖွဲ့အစည်းများ နှင့် တက်ကြွလှုပ်ရှားသူများမှ ပြင်းထန်သည့် ရှုတ်ချမှု ဆက်လက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ BIMSTEC အဖွဲ့ဝင်နိုင်ငံများမှ လူသားဆန်မှုနှင့် လူ့ဂုဏ်သိက္ခာကို ထည့်သွင်းစဉ်းစားပြီး မြန်မာနိုင်ငံဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ရန် တောင်းဆိုကြောင်းပါရှိသည်။

BIMSTEC အဖွဲ့ဝင်နိုင်ငံများတွင် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘူတန်နိုင်ငံ နီပေါနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ပါဝင်သည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...