ကျန်ဖိုင်းခရိုင်အတွင်းရှိ စစ်ဘေးရှောင် ၄၀၀၀ ကျော်ကို စစ်ဘေးရှောင်ကဒ်ပြား လုပ်ဆောင်ပြီးစီး

ကျန်ဖိုင်းခရိုင်အတွင်းရှိ စစ်ဘေးရှောင် ၄၀၀၀ ကျော်ကို စစ်ဘေးရှောင်ကဒ်ပြား လုပ်ဆောင်ပြီးစီး

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်း ထွက်ပြေးခိုလုံနေကြသည့် မြန်မာစစ်ဘေးရှောင် ၄၀၀၀ ကျော်ကို မီဇိုရမ်ပြည်နယ်အစိုးရက စစ်ဘေးရှောင်ကဒ်ပြားများ လုပ်ဆောင်ပြီးစီးသွားပြီဟု သိရသည်။

မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးခိုလှုံနေကြသော စစ်ဘေးရှောင်များ စနစ်တကျမှတ်သားနိုင်ရန်နှင့် ပိုမိုလုံခြုံမှုရှိနိုင်ရေးအတွက် ရည်ရွယ်ပြီး မီဇိုရမ်ပြည်နယ်အ စိုးရက စစ်ဘေးရှောင်ကဒ်ပြား စတင်ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင် အများဆုံး ဝင်ရောက်ခိုလှုံနေသည့် ကျန်ဖိုင်းခရိုင်တွင် စစ်ဘေးရှောင်ကဒ်ပြားကို Champhai District Level Committee on Myanmar Refugees အဖွဲ့က ဆောင်ရွက်ပေးလျက်ရှိပြီး စစ်ဘေးရှောင်ဦးရေ ၆၉၀၅ စာရင်ပြုစုထားပြီးဖြစ်ကြောင်းနှင့် ယင်းအနက် ၄၂၅၅ ဦးကို စစ်ဘေးရှောင်ကဒ်ပြား ထုတ်ပေးပြီဖြစ်ကြောင်း မီိဇိုရမ်နေ့စဉ်သတင်း Zonet တွင် ဖော်ပြသည်။

ကျန်ဖိုင်းခရိုင်တွင် စစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော်ခန့်ရှိမည်ဟု ခန့်မှန်းရပြီး စစ်ဘေးရှောင်က ဒ်ပြားထုတ်ပေးရေးကို ယခုဖေဖော်ဝါရီလအတွင်း အကုန်ပြီးစီးဆောင်ရွက်ကြမည် ဟု လည်း သိရသည်။

အလားတူ မီဇိုရမ်ပြည်နယ် မြို့တော်အိုင်ဇောလ်မြို့ ရပ်ကွက် ၃၀ ကျော်တွင်လည်း စစ်ဘေး ရှောင်ကဒ်ပြားလုပ်ဆောင်ရန် ရပ်ကွက်အုပ်ချုပ်ရေးရုံးမှတဆင့် ဖောင်များဖြန့်ဝေခဲ့ပြီး ရပ်ကွက်အသီးသီးတွင် စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

Most read this week

February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...