ကသာမြို့ Non CDM ကျောင်းဆရာမ နေအိမ် မိုင်းခွဲတိုက်ခိုက်ခံရ

ကသာမြို့ Non CDM ကျောင်းဆရာမ နေအိမ် မိုင်းခွဲတိုက်ခိုက်ခံရ

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မုန်းတီးရေးအကြောင်းကို စာသင်ခန်းထဲ ပြောဆိုနေသည့် ကသာမြို့ ရပ်ကွက် ၄ ရှိ Non CDM ကျောင်းဆရာမတစ်ဦး၏နေအိမ် ဖေဖာ်ဝါရီ ၁၄ ရက်နေ့ နံနက်ပိုင်း ၅ နာရီခန့်တွင် မိုင်းခွဲခံရကြောင်း သိရသည်။နေအိမ် မိုင်းခွဲခံရသော ဆရာမသည် CDM ဆရာ/မ များအပေါ်  ဖိအားပေးပြောဆိုမှုများ ရှိနေသောကြောင့် သတိပေးခြင်းဖြစ်သည်ဟု ကသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

”သူက ကသာမြို့ အ.ထ.က ၁ ကျောင်းက အထက်တန်းပြဆရာမ ဟုတ်တယ်။ သူက ကျောင်းမှာ ကျန်တဲ့ဆရာမတွေကိုလည်း NUG၊ PDF မုန်းတီးရေးအတွက် ဖိအားပေးတယ်။ ကျောင်းသားတွေကိုလည်း ကျောင်းတက်ကြဖို့ ဖိအားပေးတိုက်တွန်းတာတွေရှိတယ်။ အဲ့ဒါတွေကြောင့် ဒါကို ကသာ Katha Underground Revolutionary အဖွဲ့ကခွဲတာဗျ။ အသံဗုံးမဟုတ်ဘူးဗျ လူထိရင်တော့ သေမှာ” ဟု ၎င်းက ပြောသည်။

ယခုပေါက်ကွဲမှုသည် ကသာမြို့တွင်း Non CDM ဝန်ထမ်း၏ နေအိမ်ကို ပထမဆုံး ဖောက်ခွဲသတိပေးခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

Most read this week

January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...