ကသာမြို့ Non CDM ကျောင်းဆရာမ နေအိမ် မိုင်းခွဲတိုက်ခိုက်ခံရ

ကသာမြို့ Non CDM ကျောင်းဆရာမ နေအိမ် မိုင်းခွဲတိုက်ခိုက်ခံရ

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မုန်းတီးရေးအကြောင်းကို စာသင်ခန်းထဲ ပြောဆိုနေသည့် ကသာမြို့ ရပ်ကွက် ၄ ရှိ Non CDM ကျောင်းဆရာမတစ်ဦး၏နေအိမ် ဖေဖာ်ဝါရီ ၁၄ ရက်နေ့ နံနက်ပိုင်း ၅ နာရီခန့်တွင် မိုင်းခွဲခံရကြောင်း သိရသည်။နေအိမ် မိုင်းခွဲခံရသော ဆရာမသည် CDM ဆရာ/မ များအပေါ်  ဖိအားပေးပြောဆိုမှုများ ရှိနေသောကြောင့် သတိပေးခြင်းဖြစ်သည်ဟု ကသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

”သူက ကသာမြို့ အ.ထ.က ၁ ကျောင်းက အထက်တန်းပြဆရာမ ဟုတ်တယ်။ သူက ကျောင်းမှာ ကျန်တဲ့ဆရာမတွေကိုလည်း NUG၊ PDF မုန်းတီးရေးအတွက် ဖိအားပေးတယ်။ ကျောင်းသားတွေကိုလည်း ကျောင်းတက်ကြဖို့ ဖိအားပေးတိုက်တွန်းတာတွေရှိတယ်။ အဲ့ဒါတွေကြောင့် ဒါကို ကသာ Katha Underground Revolutionary အဖွဲ့ကခွဲတာဗျ။ အသံဗုံးမဟုတ်ဘူးဗျ လူထိရင်တော့ သေမှာ” ဟု ၎င်းက ပြောသည်။

ယခုပေါက်ကွဲမှုသည် ကသာမြို့တွင်း Non CDM ဝန်ထမ်း၏ နေအိမ်ကို ပထမဆုံး ဖောက်ခွဲသတိပေးခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...
September 10, 2026
ကချင်ပြည်၊ ရွှေကူမြို့တွင် ကမ်းကပ်ထားသည့် စစ်အုပ်စုတပ်၏ ဒုတိယအကြိမ် ဧရာဝတီရေကြောင်း စစ်ကြောင်းမှ...
မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...
September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...