တရုတ်နိုင်ငံဘက်မှ မဝယ်သဖြင့် ဖရဲသီးစိုက်ပျိုးမှု ရပ်ဆိုင်းထားရ

တရုတ်နိုင်ငံဘက်မှ မဝယ်သဖြင့် ဖရဲသီးစိုက်ပျိုးမှု ရပ်ဆိုင်းထားရ

တရုတ်နိုင်ငံဘက်မှ ဖရဲသီးများကို မဝယ်မှုမရှိသဖြင့် မြန်မာနိုင်ငံတွင်းရှိ ဖရဲသီးစိုက်ပျိုးသူများကို ရပ်တန့်ပစ်လိုက် ရကြောင်း စုံစမ်းသိရှိရသည်။

ကိုဗစ် -၁၉ ကို အကြောင်းပြပြီး တရုတ်နိုင်ငံအတွင်း မှ ကုန်ပစ္စည်းများကို တင်းသွင်းမှု လက်မခံသဖြင့် ဖရဲသီးကုန်သည်များ အရှုံးပေါ်ပြီး စိုက်ပျိုးမှုများကိုပါ ရပ်တန့်ထားလိုက်ရကြောင်း သိရသည်။

“ရောဂါလည်း အရမ်းကို ပြန့်နှံ့နေတယ်။ တရုတ်ဘက်ကလည်း မဝယ်ဘူး။ ဒါတွေကို စိုက်နေတာလည်း ကျနော်တို့ အရင်ရင်းပြီးတော့ စိုက်တာဆိုတော့ အမြတ်က မကျန်ဘူး။ အလကားစိုက်ပြီးပစ်နေသလိုပဲ။ အမြတ်လည်း ပြန်မရဘူး။ အကုန်ရှုံးတယ်။ ထပ်စိုက်ဖို့ကို ရပ်ထားရတယ်” ဟု လားရှိုးမြို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

လက်ရှိတွင် ဒေသခံများကို ဖရဲသီးအစား ပြောင်းသီးနှံများကို ပြန်လည် အစားထိုး စိုက်ပျိုးနေသော်လည်း ရောင်းချရာတွင် အခက်ခဲများစွာရှိနေသေးကြောင်းသိရသည်။

ထို့အပြင် စိုက်ပျိုးရေးမကောင်းမှုသည် နိုင်ငံရေးမတည်ငြိမ်သောကြောင့် တောသူလယ်သမားများက နိုင်ငံရေးအမြန်ဆုံး ပြန်ကောင်းလာမှာကို မျှော်လင့်နေကြောင်း လားရှိုမြို့ တောင်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နိုင်ငံရေးပြန်ကောင်းဖို့တော့ မျှော်လင့်တာပေါ့။ နိုင်ငံရေးကောင်းရင် ဘယ်သွားသွား အဆင်ပြေတယ်။ မူဆယ် ၁၀၅ မိုင်မှာ ရောင်းရနေသေးရင် လက်ထဲ ကျန်နိုင်သေးတယ်။ အခုက မရောင်းရဘူးဆိုတော့ လက်ထဲမကျန်တော့ဘူး။ ရှေ့ဆက်ပြီးတော့ ဘာမှလည်း မလုပ်နိုင်တော့ဘူး။ စိုက်ပျိုးရေးကလည်း အလုပ်မဖြစ်လာတော့ဘူး” ဟု အထက်ပါ လားရှိုးမြို့ တောင်သူတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံတွင် ကိုဗစ် -၁၉ ကြောင့် နှင့် နိုင်ငံရေးအခြေနေကြောင့် ကုန်ပစ္စည်းများကို တင်ပို့မှုလက်မခံတော့တာကြောင့် မြန်မာနိုင်ငံတွင်းရှိ စိုက်ပျိုးရေးတောင်သူများက အခက်ခဲများစွာ ဆက်လက်ကြုံနေရကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...