မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးများပစ်ခတ်

မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးများပစ်ခတ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဦးမောင်းဟာ၏ဇာတိကျေးရွာဖြစ်သည့် မင်းတပ်မြို့နယ်၊ ဝမ္မသူးရွာကို စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ကြရာ တိုက်ပွဲရှောင်ပြည်သူများ ကိုယ့်လုံခြုံရာတွင် သတိထားပုန်းရှောင်သင့်ကြောင်းကို ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ပြည်သူ့အုပ်ချုပ်ရေး - သတင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

စစ်‌ကောင်စီတပ်စစ်ကြောင်းသည် မင်းတပ်မြို့နယ်၊ ဝမ္မသူးရွာကိုချိန်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ရွာနှင့် ၁၈ မိုင်ကျော် ကွာဝေးသော မင်းတပ်မြို့ပေါ်ရှိ ၂၇၄ တပ်ရင်းမှလည်း အဝေးပစ်လက်နက်ကြီးများ ပစ်ကူနေသည်။

ယနေ့ဖေဖော်ဝါရီ ၁၅ ရက် မနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်စစ်‌ကြောင်းနှင့် CDF တို့ ဝမ္မသူးရွာဟောင်း (Kyawng Nu) အောက်နားတွင် ထိတွေ့တိုက်ပွဲဖြစ်ကြကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး-သတင်းအဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

ဝမ္မသူးရွာတဝိုက် စစ်ဘေးရှောင် ပြည်သူများအ‌နေဖြင့် လုံခြုံရာကျင်းများ၊ အကာအကွယ်ရှိရာ နေရာများတွင် သတိထား ပုန်းအောင်းနေသင့်ကြောင်းကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး - သတင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...