သျှမ်းပြည်အတွင်း ကိုဗစ် – ၁၉ ဖြစ်သူများ မြင့်တက်

သျှမ်းပြည်အတွင်း ကိုဗစ် – ၁၉ ဖြစ်သူများ မြင့်တက်

သျှမ်းပြည် မြို့တော်တောင်ကြီး နှင့် လားရှိုးမြို့တို့တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ် – ၁၉မျိုးကွဲဖြစ်သည့် အိုမီခရွန် ဖြစ်သူများ မြင့်တက်လာကြောင်း ဒေသတွင်း သတင်းအရ သိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်တွင် အပြင်ထွက် သွားလာသူများပြားသည့် လားရှိုးမြို့တွင် အိုမီခရွန် ရောဂါပိုး ကူးစက်ခံရသူ ၁၈ ဦး စစ်ဆေးတွေ့ရှိကြောင်း သတင်းသိရသည်။

“မနေ့မနက်ပိုင်းမှာ အပြင်ထွက်သွားလာတဲ့သူတွေကို စစ်ဆေးရေးဂိတ်မှာနဲ့တချို့ကလည်း နီးစပ်ရာ နေရာမှာ စစ်ကြတော့ ၁၄ ယောက်တွေ့တယ်၊ နောက်နေ့လည်ပိုင်းကျတော့ ပြည်သူ့ဆေးရုံကြီးမှာ လားရှိုးက (၂)ဦး၊ နမ္မတူ(၁)ဦး၊ သီပေါ(၁)ဦး စုစုပေါင်း(၁၈)ဦး တွေ့ရှိပါတယ်” ဟု လားရှိုးမြို့မှ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တောင်ကြီးမြို့၊ အမှတ်(၇) အခြေခံပညာအထက် တန်းကျောင်းရှိ ကျောင်းသူ/သား များကို (RDT) ဖြင့် ဖေဖော်ဝါရီ ၁၄ ရက်က စစ်ဆေးခဲ့ရာ ၁၇ ဦး၌ COVID-19 ပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်ရုံးထုတ်ပြန်ချက်အရ သိရသည်။

တောင်ကြီးမြို့နယ် အတွင်း၌ ယခုရက်ပိုင်းအတွင်း COVID-19 ပိုးရှိသူများ ပြန်လည် တွေ့ရှိလာသည့် အပြင် COVID-19 ဖြင့် သေဆုံးရသူများလည်း ရှိနေကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...