ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားသော ပိုးတွေ့လူနာများကို အိမ်၌သာထားမည်

ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားသော ပိုးတွေ့လူနာများကို အိမ်၌သာထားမည်

ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီး ရောဂါအခံမရှိသော ကိုဗစ်ပိုးတွေ့လူနာများကို အိမ်၌သာ ကွာရန်တင်း နှစ်ပတ်ထားရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

ကိုဗစ် - ၁၉ရောဂါဓာတ်ခွဲအတည်ပြုလူနာများ နေအိမ်၌ သီးသန့်နေထိုင်လိုသူများသည် ကာကွယ် ဆေးအကြိမ်ပြည့် ထိုးနှံထားသူဖြစ်ရမည်ဖြစ်ကြောင်း၊ ထို့အတူ  အန္တရာယ်ရှိလူနာအုပ်စု (High risk) တွင် ပါဝင်သူများမဖြစ်ရဟု မုဒုံမြို့နယ် ကျန်းမာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ဟုတ်ကျွန်မတို့စပြီးလုပ်နေပါပြီ။ ကာကွယ်ဆေးလည်း နှစ်ကြိမ်ထိုးထားမယ်။ လူငယ်တွေဖြစ်မယ်။ ရောဂါအခံလည်းမရှိသူတွေပေါ့။ ရောဂါစစ်လို့တွေ့ရင် ဆေးရုံကနေ ဆေးတွေပေးလိုက်ပြီး အိမ်မှာ သီးခြားနေစေပါတယ်။ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပေမဲ့ ရောဂါအခံရှိသူတွေ၊ အသက်ကြီးတဲ့သူတွေဆိုရင်တော့ စင်တာမှာပဲထားပါတယ်" ဟု ၎င်းက ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အန္တရာယ်ရှိလူနာအုပ်စုများအဖြစ် သွေးတိုး ၊နှလုံး၊ ဆီးချို အစရှိသည့် နာတာရှည်ရောဂါအခံရှိသူများ၊ ကိုယ်ခံအားကျဆင်းနိုင်သည့် ဆေးဝါးသုံးစွဲနေရသူများ နှင့် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများပါဝင်သည်။

လက်ရှိ မုဒုံမြို့နယ်တွင် အိမ်၌သီးခြားနေထိုင်နေသည့် ကိုဗစ်အတည်ပြုလူနာ ၁၇ ဦးရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၆) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၂) ရက်နေ့အထိ မွန်ပြည်နယ်တွင် ကိုဗစ်၁၉ အတည်ပြုလူနာသစ်စုစုပေါင်း ၃၅၆ ဦးရှိခဲ့ပြီး သေဆုံးသူမရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

နစကကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၁၂ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ ဓါတ်ခွဲအတည်ပြုလူနာသစ် (၁၄၇၃) ဦး တွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှုနှုန်း (၇.၀၆) ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ခဲ့သည်။

August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...
August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...
August 6, 2026
မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊...