တိုင်းရင်သား ပြည်သူအားလုံးလိုအပ်သည့်ဖက်ဒရယ် ဖော်ဆောင်ရန် TAI PDF ဖွဲ့စည်း

တိုင်းရင်သား ပြည်သူအားလုံးလိုအပ်သည့်ဖက်ဒရယ် ဖော်ဆောင်ရန် TAI PDF ဖွဲ့စည်း

တိုင်းရင်းသား၊ ပြည်သူအားလုံး လိုအပ်သော ဖက်ဒရယ်ဒီမိုကရေစီ လမ်းစဉ်ရောက်အောင်ဖော်ဆောင်သွားမည် ဟု ရှမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TAI PDF)ဖွဲ့စည်းတည်ထောင်ပြီးစီးကြောင်း ကြေညာချက်ထုတ်လာသည်။

အဆိုပါ TAI PDF သည် သျှမ်းလူမျိုး သီးသန့်မဟုတ်ဘဲ သျှမ်းပြည် ရှိ လူမျိုးဘာသာမရွေး စစ်အာဏာရှင် စနစ်ကိုတော်လှန်နေသူမှန်သမျှ ကြိုဆိုကြောင်း လည်း TAI PDF တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

” ကျနော်တို့ ရည်ရွယ်ချက်က သျှမ်းသီးသန့်မဟုတ်ဘဲ သျှမ်းပြည်နယ်မှာ ရှိတဲ့ လူမျိုးဘာသာမရွေး စစ်အာဏာရှင်စနစ်ကို တော်လှန်နေသူမှန်သမျှ ကျနော်တို့က ကြိုဆိုနေပါတယ်။

အခုဆိုရင်လဲ ပြည်မက လာတဲ့ သူတွေလဲ ရှိပါတယ်” ဟုTAI PDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်အဆုံးတိုင် တိုက်ထုတ်သွားမည်ဖြစ်ပြီး၊ ပြည်သူလူထု အသက် အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ထုတ်နေသော မည်သည့်အဖွဲ့အစည်း မဆို မဟာမိတ်ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း TAI PDF ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

” ကျနော်တို့အဖွဲ့အစည်းလေးက လက်နက်ကိုင်တော်လှန်တဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် လက်နက်ကိုင်တော်လှန်ဖို့ပါပဲ သို့

ဒါပေမယ့် တော်လှန်ဖို့ လက်နက်ခဲယမ်း ရိက္ခာတွေကအစ အဆင်မပြေမှုလေးတွေတော့ ရှိနေပါသေးတယ်” ဟု TAI PDF မှ တာဝန်ရှိသူ ကထပ်လောင်းပြောသည်။

TAI PDF အနေဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)တို့၏ လမ်းညွန်ဦးစီးမှုအောက်တွှု် လိုက်နာဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင်ပြောပြထားသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...