မွန်အမျိုးသားနေ့မှာ ရုံး၊ စာသင်ကျောင်း မသွားပဲ အလုပ်ပိတ်ရက်သတ်မှတ်ရန် NMSP တိုက်တွန်း

မွန်အမျိုးသားနေ့မှာ ရုံး၊ စာသင်ကျောင်း မသွားပဲ အလုပ်ပိတ်ရက်သတ်မှတ်ရန် NMSP တိုက်တွန်း
မွန်အမျိုးသားနေ့ တရားဝင်ရုံပိတ်ရက် ရရှိရေး လှုပ်ဆော်ရေးဓာတ်ပုံ
မွန်အမျိုးသားနေ့ တရားဝင်ရုံပိတ်ရက် ရရှိရေး လှုပ်ဆော်ရေးဓာတ်ပုံ

ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုမွန်အမျိုးသားနေ့မှာ မိမိတို့၏ လုပ်ငန်းခွင်များ၊ ရုံးများ၊ စာသင်ကျောင်းများ မတက်ရောက်ကြရန်နှင့် အလုပ်ပိတ်ရက်သတ်မှတ်ရန် ပြည်တွင်းပြည်ပရှိ မွန်လူထုတစ်ရပ်လုံးကို မွန်ပြည်သစ်ပါတီ (NMSP) က တိုက်တွန်းခဲ့သည်။

မွန်အမျိုးသားနေ့ကို ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးရန် NMSP၊ မွန်သံဃာတော်အဖွဲ့အစည်းများ၊ အရပ်ဖက်မွန်လူမှုအဖွဲ့အစည်းများနှင့် မွန်လူထုများက အစိုးရအဆက်ဆက်ထံ တောင်းဆိုခဲ့ပြီး အသိအမှတ်ပြုပေးခြင်း မရှိခဲ့သည့်အတွက် မိမိတို့ကြမ္မာ မိမိတို့ဖန်တီးခွင့်ရှိရ မည်ဆိုသည့်အတိုင်း မွန်အမျိုးသားနေ့ရုံးပိတ်ရက်ကို မိမိတို့အသိစိတ်ဓါတ်ဖြင့် ထုတ်ဖော်သွားကြရန် ဖေဖာ်ဝါရီ ၁၁ ရက်နေ့တွင် NMSP ကြေညာချက်ထုတ်ပြန်၍ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

မွန်လူငယ်တစ်ဦးဖြစ်သူ မင်းစိုက်မနိက်က “ဘယ်လူမျိုးမဆို အထွဋ်အမြတ်ထားတဲ့ နေ့ထူးနေ့မြတ်တစ်ရက်ကို ရုံးပိတ်ရက်တစ်ရက်အပြည့် ခံစားနိုင်ဖို့ သတ်မှတ်ပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့နိုင်ငံမှာ တခြားလူမျိုး၊ တချို့ဘာသာဝင်တွေတောင်မှ ရုံးပိတ်ရက်ခံစားခွင့် ရရှိထားတယ် ကျနော်တို့ နိုင်ငံသားဘက်တွေဖြစ်ကြည့်ရင် ကျနော်တို့ မွန်လူမျိုးတွေရဲ့ နေ့ထူးနေ့မြတ် မွန်အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ရရှိနိုင်ဖို့ဆိုတာ တော်တော်လေးကို ရုန်းကန်နေရဦးမှာ လက်လှမ်းမီနိုင်ဖို့ တော်တော်လေး ကြိုးစားရဦးမှာ” ဟု ပြောသည်။

မွန်အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ရက် သတ်မှတ်ပေးရန် သမ္မတဦးသိန်းစိန်လက်ထက်က မွန်ပြည်နယ်အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို သံဖြုဇရပ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ဦး တင်သွင်းခဲ့ဖူးသလို မွန်ပြည်နယ်အစိုးရ ဦးစီးကျင်းပခဲ့သည့် မွန်ပြည်နယ်နေ့ အခမ်းအနားတစ်ခုမှာ ယခင် NMSP ဥက္ကဌဟောင်း နိုင်ထောမွန်ကလည်း တောင်းဆိုခဲ့ဖူးကြောင်း သတင်းများတွင် ဖော်ပြခဲ့ကြသည်။

ယခု ကျင်းပမည့် မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားကို မော်လမြိုင်မြို့ ရာမညရဌ ဗုဒ္ဓတက္ကသိုလ်ကျောင်းတွင် လူဦးရေအကန့်အသတ်နှင့် ကျင်းပသွားမှာဖြစ်သလို NMSP ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသတွင်းလည်း ဘင်ခရာစစ်ကြောင်း၊ အလံတင် စစ်ရေးပြအခမ်းအနားများနှင့် ကျင်းပရန် ပြင်ဆင်ထားကြောင်း သိရသည်။

မွန်ပြက္ခဒိန်တွင် နှစ်စဥ်တပို့တွဲလပြည့်ကျော် (၁) ရက်သည် မွန်အမျိုးသားနေ့ဖြစ်ပြီး နိုင်ငံတကာပြက္ခဒိန်အရ ယခုနှစ်အတွက် ဖေဖော်ဝါရီ ၁၆ ရက် ဗုဒ္ဓဟူးနေ့မှာ ကျရောက်သည်။

ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...