နာမည်ကြီး နိုင်ငံရေး ရုပ်ပြောင်ကာတွန်းဆရာ ပီဟန်လိတ် (ခေါ်) ဟန်လေး သည် ဖေဖော်ဝါရီ (၉)ရက် မွန်းလွဲ ၃နာရီကျော်မှာ သျှမ်းပြည် တောင်ကြီးမြို့ မှာ ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။
ကာတွန်း ဆရာ ဟန်လေး ဟာ ၁၉၆၅ ခုနစ်မှာ သျှမ်းပြည် တောင်ကြီးမြို့နယ် နောင်မွန်ကျေးရွာမှာ မွေးဖွားခဲ့သူတဦး ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် (၅၇)နှစ်ရှိပြီကြောင်းသိရပါတယ်။
ဆရာဟန်လေး က ပန်းချီပညာကို ၁၉၈၂ခုနစ် က ရန်ကုန် ပန်ချီ ပန်ပု အနုပညာကျောင်း တွင် တက်ရောက်သင်ကြားခဲ့ သူတဦးလည်း ဖြစ်ပါတယ်။
၁၉ ၈၈ ခုနစ်မှာတော့ ကာတွန်းဟန်လေး ဟာ တော်လှန်ရေး နယ်မြေ သို့ ရောက်ရှိကာ ၁၉ ၈၈ခုနစ် နောက်ပိုင်းမှာ ပြည်ပ နိုင်ငံ ကနေ နိုင်ငံရေး ကာတွန်းတွေကို တစိုက်မတ်မတ် ရေးဆွဲခဲ့ပြီး နိုင်ငံရေး သရော်ကာတွန်းတွေကို စတင်ရေးဆွဲခဲ့ ပါတယ်။
ကာတွန်း ဆရာ ဟန်လေး ဟာ မြန်မာနိုင်ငံ နိုင်ငံရေး ကာတွန်း ရုပ်ပြောင် ပညာကြောင့် ၂၀၁၀ ခုနစ်မှာအမေရိကန် နိုင်ငံ နယူးရောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (HRW) က စာပေ အနုပညာရှင် တွေကို ချီးမြှင့်တဲ့ Hellme/Hammett ဆု ကို ဆွတ်ခူးရရှိသူလည်းဖြစ်ပါတယ်။
ဆရာဟန်လေးရဲ့ နိုင်ငံရေး ရုပ်ပြောင် စာအုပ် (၃)အုပ်ထုတ်ခဲ့တဲ့အပြင် ကလေးကာတွန်းတွေကိုလည်း ရေးဆွဲခဲ့ပါတယ်။
ဆရာဟန်လေး ဟာ ၂၀၁၄ ခုနှစ်မှာတော့ ထိုင်းနိုင်ငံကနေ သျှမ်းပြည် ကို ပြန်ရောက်လာပြီး နိုင်ငံရေး ကာတွန်းတွေကို နောက်ဆုံးအချိန်ထိ ရေးဆွဲခဲ့ပါတယ်။
လက်ရှိမှာတော့ ဇနီး နဲ့ သားတစ်ဦး နဲ့ သမီးတစ်ဦး ကျန်ရှိခဲ့ပါတယ်။







