ဟားခါး-ရန်ကုန် ခရီးသည်တင်ယာဉ်လိုင်းများ တပတ် ၂ ကြိမ်ပြေးဆွဲ

ဟားခါး-ရန်ကုန် ခရီးသည်တင်ယာဉ်လိုင်းများ တပတ် ၂ ကြိမ်ပြေးဆွဲ

ဟားခါးမှ ရန်ကုန်သို့ ပြေးဆွဲသည့်ခရီးသည်တင်ယာဉ်လိုင်းများသည် လမ်းကြောင်းအခြေအနေအရ တပတ်လျှင် ၂ ကြိမ် ပြေးဆွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။

Hakha Maan ဟားခါးဂိတ်၊ တာဝန်ရှိသူ တစ်ဦးမှ “ယာဉ်ကတော့ ပုံမှန်ထွက်ပါတယ်၊ လမ်းကြောင်းက အခြေနေကောင်းတယ်လို့ပြောရမှာပေါ့။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ နေ့တွေဖြစ်တဲ့ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာ အဲ့နေ့တွေမှာ လမ်းကြောင်းကောင်းလို့ရှိရင်တော့ ထွက်ပါတယ်။ အခက်အခဲကတော့ တစ်ခါတစ်လေ လူငယ် PDF တွေက သူတို့ မကြိုက်တဲ့ ပစ္စည်းတွေ သယ်လာလို့ရှိရင် အဲ့ချိန်မှာတော့ စကားပြောဖို့တော့ နည်းနည်းတော့ ခက်တာပေါ့။ တစ်ဖက်က ပြောမယ်ဆိုရင်တော့ စစ်သားဘက်က ပိတ်ပင်ထားတဲ့ ပစ္စည်းတွေ ပါလို့ရှိရင်တော့ ဖြေရှင်းရတာ ခက်ပါတယ်။ အဲ့လောက်ပါပဲ။ ကျွန်တော်တို့ သယ်ဆောင်လာတဲ့ ပစ္စည်းပေါ်မှာ မူတည်ပြီးတော့ သူတို့ မကြိုက်တဲ့ဟာတွေ ပါလို့ရှိရင်တော့ စကားပြောတာ နည်းနည်းခက်တာပေါ့။ ဒါမယ့် ခရီးသည်တွေအတွက်က သိပ်စိုးရိမ်စရာ မရှိပါဘူး၊ မှတ်ပုံတင်စစ်တယ်၊ မှတ်ပုံတင်ပါရင်တော့ ဘာမှတော့ မပြောပါဘူး၊ ပြီးရင် ဖုန်းလည်းစစ်တယ် အဲ့လောက်ပါပဲ။ သိပ်ပြီးတော့ အခက်ခဲမရှိပါဘူး ခုထက်ထိတော့။” ဟုပြောသည်။

လမ်းခရီးတွင် ယာဉ်မှ ပါလာသည့် ပစ္စည်းများနှင့် ခရီးသည်များကို စစ်ကောင်စီ တပ်ဖွဲ့မှဖြစ်စေ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် (PDF) တပ်ဖွဲ့မှ ဖြစ်စေ စစ်ဆေးခြင်းများကြောင်းလည်း သိရသည်။

ဟားခါး - ရန်ကုန် (High Class) မော်တော် ယာဉ်လိုင်းသည်လည်း လမ်းကြောင်း အခြေအနေမှန်လျှင် အဂါင်္နေ့နှင့် သောကြာနေ့၊ တစ်ပတ်လျှင် ၂ ကြိမ်ထွက်လေ့ရှိကြောင်းလည်း သိရသည်။

High Class ဟားခါးဂိတ်၊ တာဝန်ရှိသူ တစ်ဦးမှ “ကျွန်တော်တို့က အဂါင်္နှင့် သောကြာ၊ ၂ ရက်ထွက်ဖြစ်တယ်၊ ဒါမယ့် ခုဒီအပတ်၊ ဒီနေ့ကျတော့ လမ်းခရီး အခြေနေရမထွက်ဖြစ်ဘူး၊ လာမယ့်သောကြာနေ့မှပဲ ပြန်ထွက်တော့မယ်။ ခုထိတော့ ပြသနာအကြီးစားလို့ရယ်တော့ မရှိသေးပါဘူး။ နောက်ပိုင်း ဘယ်လိုလာမလဲတော့ မသိသေးဘူး။ အစစ်ဆေးဘက်ကတော့ ကြမ်းပါတယ်။ လမ်းကြောင်း အခြေနေကောင်းရင်တော့ တစ်ပတ်မှာ ၂ ကြိမ်ထွက်ပါတယ်။ အဓိကတော့ လမ်းကြောင်းကောင်းဖို့ပါပဲ။” ဟု ပြောသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...