ဘီးလင်းမြို့ ဖာပွန်လမ်းမတံတားအနီး အမျိုးသားတစ်ဦး မိုင်းလာထောင်စဥ် မိုင်းပေါက်ပြီးသေဆုံး

ဘီးလင်းမြို့ ဖာပွန်လမ်းမတံတားအနီး အမျိုးသားတစ်ဦး မိုင်းလာထောင်စဥ် မိုင်းပေါက်ပြီးသေဆုံး

မွန်ပြည်နယ်၊ ဘီးလင်းမြို့အထွက်၊ ဘီးလင်း-နတ်ကြီး-ဖာပွန်လမ်းမ တစ်မိုင်လေးဖာလုံရှိ တံတားအနီးတွင် ဖေဖော်ဝါရီ  ၂ ရက်နေ့ နံနက်ပိုင်းက လက်လုပ်မိုင်း ထောင်စဉ် ပေါက်ကွဲမှုဖြစ်ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ်မှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ကြောင်း၊ မိုင်းထိသေဆုံးသူသည် မည်သူမည်ဝါဖြစ်သည်ကို မသိရသေးကြောင်း ဒေသခံတစ်ဦးကဆိုသည်။

“မိုင်းလာထောင်ရင်း ပေါက်ကွဲသွားတာပါ။ အစိတ်စိတ်အမွှာမွှာပါပဲ။ တစ်ယောက်တည်းပါ။ ဘယ်သူလဲဆိုတာကိုတော့ ရဲတွေအတည်ပြုနေတုန်းပါပဲ”ဟု ဒေသခံတစ်ဦးကဆိုသည်။

မွန်ပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သေဆုံးသူအမျိုးသားမှာ ဖြိုးနန္ဒအောင်ဟု သိရသည်။

အဆိုပါအမျိုးသားသည် ဘီးလင်းမှ ဇီးတောသို့ထွက်ခွာလာသည့် တပ်မတော် ယာဥ်တန်းအား မိုင်းဆွဲရန် ပြင်ဆင်နေစဥ် မိုင်းမတော်တဆပေါက်ကွဲပြီး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဘီးလင်းမြို့နယ် ဘီးလင်း-ရန်ကုန် ကားလမ်းအနီးတွင်လည်း နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်အစောပိုင်းအချိန် လက်လုပ်မိုင်းထောင်နေစဉ် မိုင်းကွဲပြီးအမျိုးသားနှစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဥ်မျိုး ရှိခဲ့သည်။

May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...