ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကချင်အမျိုးသားပြည်သူများနှင့်အတူ တော်လှန်တိုက်ပွဲ၀င်သွားမည်ဟု KIO/KIA ထံ CNF သ၀ဏ်လွှာပို့

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကချင်အမျိုးသားပြည်သူများနှင့်အတူ တော်လှန်တိုက်ပွဲ၀င်သွားမည်ဟု KIO/KIA ထံ CNF သ၀ဏ်လွှာပို့

၂၀၂၂ခုနှစ်၊ဖေဖော်ဝါရီ ၅ရက်နေ့တွင် ကျရောက်သော(၆၁) နှစ်‌မြောက် ကချင်ပြည်နယ် တော်လှန်ရေးနေ့တွင် ချင်းအမျိုးသားတပ်ဦး (CNF)နှင့် ချင်းပြည်သူများအနေဖြင့် လွပ်လပ်မှု၊တန်းတူမှုနှင့်တရားမျှတမှုကို အခြေခံပြီး ပင်လုံစိတ်ဓတ်နှင့်အညီ ဒီမိုကရေစီအရေး၊အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အ‌ခွင့်အရေးများ အာမခံချက်အပြည့်အ၀ပါရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုက်ပွဲ၀င်ရာတွင် သွေးချင်းညီနောင်ဖြစ်သည့် KIO/KIA ကချင်အမျိုးသားပြည်သူများနှင့်အတူ အစွမ်းကုန်တော်လှန်တိုက်ပွဲ ၀င်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) မှ သ၀ဏ်လွှာပေးပို့ခဲ့သည်။

CNFမှ ပေးပို့သော သ၀ဏ်လွှာတွင် KIO/KIA ၏ (၆၁)နှစ်တာ အမျိုးသားလက်နက်ကိုင်တော်လှန်ရေး ခရီးကြမ်းတွင် အသက်သွေးချွေးများစွာ စတေးရင်းအခက်ခဲရင်ဆိုင်မှုပေါင်းများစွာရင်ဆိုင်ကျော်ဖြတ်ကာ၊မားမားမတ်မတ် ရပ်တည်နိုင်ခြင်းသည် အမျိုးသားနိုင်ငံရေး ရပ်တည်ချက် မှန်ကန်မှု နိုင်ငံရေး ယုံကြည်ချက်ခိုင်မာမှု ၊‌ ခေါင်းဆောင်များ၏ အမျော်အမြင်ကြီးမှုနှင့် ကချင်အမျိုးသားပြည်သူများ၏ ထောက်ခံအားပေးမှု နှင့် စည်းလုံးညီညွတ်မှုကြောင့် ဖြစ်ကြောင်း ပါရှိသည်။

ထို့နောက် မတရားအာဏာသိမ်းမှု ကြောင့် တစ်နိုင်ငံလုံး၊နိုင်ငံရေး ၊စစ်ရေး၊လူမှုရေး အကြပ်တည်းဆုံးကာလတွင် KIO/KIA အနေဖြင့် ပြည်သူများဘက်မှ မားမားမတ်မတ်ရပ်တည်ကာ၊စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ကိုယ့်ကြမ္မာကိုဖန်းတီးခွင့်ပြန်လည်ရရှိ‌ ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ရေးအတွက် စစ်ရေး၊နိုင်ငံရေး တိုက်ပွဲ၀င်ရာတွင် အောင်လံအလီလီဆွတ်ခူးနိုင်စေရန် ဆုမွန်ကောင်း တောင်းကြောင်း CNF ၏ သ၀ဏ်လွှာတွင် ပါရှိသည်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...