လောက်ကိုင်မြို့ ကလပ်တခု ရဲနှင့် စစ်သားပါ ရန်ပွဲ မှ သေနတ်ပစ်ခတ်၊ သေဆုံးသူရှိ

လောက်ကိုင်မြို့ ကလပ်တခု ရဲနှင့် စစ်သားပါ ရန်ပွဲ မှ သေနတ်ပစ်ခတ်၊ သေဆုံးသူရှိ

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ရှိ နိုက်ကလပ် တစ်ခုတွင် ရဲ နှင့် စစ်သားပါဝင်သော ရန်ပွဲတစ်ခုဖြစ်ပွားပြီး သေနတ်ပစ်ခတ်မှုထိ ဖြစ်ပွားခဲ့ကာ ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း သတင်းသိရသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် လောက်ကိုင်မြို့ ဆင်ဖြူအဝိုင်းနား၊ မြင်ကြွယ်ဟိုတယ် အရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲတစ်ဦး ကျည်ထိမှန်သည်ကိုတွေ့ရကြောင်း ဒေသခံထံမှ သိရသည်။

“ဗမာစစ်သားနဲ့ တရုတ်တွေ ဆဲဆိုသံတွေအရင်ကြားရတယ်၊ နောက်တော့ ပစ်ခတ်သံတွေပါ ကြားရတယ်၊ ဘာကြောင့်ဖြစ်ရမှန်းတော့ မသိရသေးဘူး၊ ရန်ပွဲကို ဖြေပေးဖို့ရောက်လာတဲ့ရဲတွေလည်း အပစ်ခံရတယ်၊ တခြားထိခိုက်သူတွေလည်းရှိတယ်” ဟု လောက်ကိုင်မြို့မှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပစ်ခတ်မှုများသည် နာရီဝက်ခန့်ကြာသွားပြီး ထိခိုက်ဒဏ်ရာရသူများကို လူနာတင်ယာဥ်များဖြင့် လာရောက် သယ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရသူက ပြောပြသည်။

လောက်ကိုင်မြို့သည် လောင်းကစားပွဲရုံများနှင့် တရုတ်ကုန်သည်များ၊ ဝ ကုန်သည်များ ဝင်ထွက်သွားလာသည့် မြို့ဖြစ်ပြီး ရန်ပွဲနှင့် ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်းလည်း လောက်ကိုင်မြို့မှ ဒေသခံများက ပြောသည်။

“ဒီစစ်ကောင်စီကနေ အာဏာသိမ်းပြီးတဲ့နောက် လောက်ကိုင်ဘက်မှာ သေနတ်ကိုင်တဲ့သူတွေ ပိုပေါလာတယ်၊ တချို့က ကလပ်တွေထဲ သေနတ်ယူလာတဲ့အထိ ရှိတယ်၊ ရန်ပွဲတွေလည်း ခနခနဖြစ်တယ်၊ ဒီဖက်မှာ မြန်မာအစိုးရ စိုးမိုးမှုမရှိဘူး” ဟု လောက်ကိုင်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

သို့ရာတွင် အဆိုပါ ဖေဖော်ဝါရီလ ၄ ရက်နေ့ညတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရသူနှင့် ကျဆုံးသူ အရေအတွက်ကိုတော့ အတည်ပြုချက်မရနိုင်သေးပေ။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...