ဇန်နဝါရီလအတွင်း ချင်းပြည်နယ်တွင် တိုက်ပွဲ ၇၀ ကျော်ဖြစ်ပွား စစ်ကောင်စီဘက် ၂၀၀ နီးပါးသေဆုံးပြီး ချင်းပြည်သူ့ကာကွယ်ရေးဘက်က ၁၈ ဦးကျဆုံး

ဇန်နဝါရီလအတွင်း ချင်းပြည်နယ်တွင် တိုက်ပွဲ ၇၀ ကျော်ဖြစ်ပွား စစ်ကောင်စီဘက် ၂၀၀ နီးပါးသေဆုံးပြီး ချင်းပြည်သူ့ကာကွယ်ရေးဘက်က ၁၈ ဦးကျဆုံး

ပြီးခဲ့သည့်ဇန်နဝါရီလအတွင်း ချင်းပြည်နယ် မြို့နယ် ၈ မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းအမျိူးသားတပ်မတော် CNA အပါအဝင် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များတိုက်ပွဲဖြစ်ပွားမှု ၇၁ ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီဘက်က ၁၉၇ ဦးသေဆုံးကာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ၁၈ ဦးကျဆုံးခဲ့သည်ဟု Chinland Joint Defense Committee (CJDC) က ထုတ်ပြန်သည်။

CJDC ၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီလအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁၃ လည်း သေဆုံးခဲ့ရသည်ဟု သိရသည်။ ထို့အပြင် နှစ်ဖက်တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရရှိသူ စစ်ကောင်ဘက်က ၆၈ ဦး၊ ချင်းပြည်သူကာကွယ်ရေးဘက်က ၂၀ ဦးနှင့် ပြည်သူ ၁၅ ဦးရှိခဲ့သည်ဟု ဖော်ပြထားသည်။

ချင်းပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ဧပြီလ ၂၄ ရက်နေ့ကစ၍ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်နှင့်  ချင်းပြည်သူ့ ကာကွယ်ရေးတပ် CDF-Mindat အကြားတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တိ်ုက်ပွဲပေါင်း ၁၈၄ ဖြစ်ပွားခဲ့ကြသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၁၀၂၉ ဦး သေဆုံးကာ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ၅၈ ဦး တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးစတေးခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၂၇ ဦးလည်း သေဆုံးခဲ့ရသည်ဟု CJDC ၏ စာရင်းအရသိရသည်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိုင်က အာဏာသိမ်းယူလိုက်ပြီးနောက် တစ်နိုင်ငံ လုံးဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့က အပစ်မဲ့ ပြည်သူများအား  လူမဆန်စွာဖမ်းဆီးညင်းပန်း နှိပ်စက်သတ်ဖြတ်မှုများ လုပ်ဆောင်လာခြင်းကြောင့် မိမိကိုယ်ကိုယ်ကာကွယ်ရန် တစ်နိုင်ငံလုံ းရှိလူငယ်များသည် ရရာလက်နက်စွဲကိုင်တော်လှန်လာခဲ့ကြသည်။

ချင်းပြည်နယ်မှာလည်း မြို့နယ်ဒေသအလိုက် မိမိကိုယ်ကိုယ်ကာကွယ်ရန် ကာကွယ်ရေးတပ်ဖွဲ့များဖွဲ့စည်းလာခဲ့ကြပြီးဖြစ်သည်။

ချင်းကာကွယ်ရေးပူးပေါင်းတပ်ကော်မီတီ CJDC တွင် ချင်းအမျိုးသားတပ်မတော် CNA အပါအဝင် ချင်းပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ၁၇ ဖွဲ့ပါဝင်ပြီး ချင်းပြည်နယ်မှာ ပူးပေါင်းစစ်ဆင်းရေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိကြသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလပမထပတ်ကစ၍ အနော်ရထာစစ်ဆင်းရေး အမည်တပ်ကာ ချင်းပြည်နယ်ကို စစ်အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သော်လည်း ချင်းတောင်တိုက်ပွဲ တွင် စစ်ကောင်စီဘက်အထိနာခဲ့ရသည်။

Most read this week

February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...