စစ်ကောင်စီ ပြုလုပ်မည့် သျှမ်းပြည် အမျိုးသားနေ့ မပါဝင်ကြရန် သျှမ်းကျောင်းသားများသမဂ္ဂ TSU ပန်ကြား

စစ်ကောင်စီ ပြုလုပ်မည့် သျှမ်းပြည် အမျိုးသားနေ့ မပါဝင်ကြရန် သျှမ်းကျောင်းသားများသမဂ္ဂ TSU ပန်ကြား

စစ်ကောင်စီ ပြုလုပ်မည့် သျှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို ပူးပေါင်းပါ၀င်ခြင်း မပြုကြရန် သျှမ်းကျောင်းသားများသမဂ္ဂ TSU တို့က ပန်ကြားချက် ထုတ်ဝေခဲ့ပါသည်။

လာမည့် ဖေဖော်ဝါရီလ ၇ ရက်တွင် ကျရောက်မည့် ၇၅ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ကို မူလအမည်နာမ သျှမ်းပြည်အမျိုးသားနေ့မှ စစ်အာဏာရှင်တို့က “သျှမ်းပြည်နယ်နေ့” အမည်ဖြင့် အခမ်းအနားတွေကို ပြုလုပ်လေ့ရှိသည့်အတွက် သျှမ်းပြည်သူများက ပါဝင်တက်ရောက်ခြင်း မပြုကြရန် TSU က ပန်ကြားချက် ထုတ်ဝေခဲ့သည်။

”သျှမ်းပြည်အမျိုးသားနေ့” ဆိုတာ သျှမ်းတစ်မျိုးသားတည်းကိုသာ ရည်ညွန်းခြင်းမဟုတ်ဘဲ မတူကွဲပြားမှု ကိုယ်စီရှိကြသည့် လူမျိုးစုပေါင်းစုံတို့ မှီတင်းနေထိုင်ရာ သျှမ်းပြည်အတွက် သမိုင်း၀င်နေ့ထူးနေ့မြတ် တစ်ခု ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဖက်ဆစ်တို့၏အမည်ခံ စစ်ကောင်စီတို့ ခေါ်ဝေါ်သုံးစွဲသည့် “သျှမ်းပြည်နယ်နေ့” အခမ်းအနားသည် သျှမ်းပြည်အတွင်းရှိ မည်သည့်လူမျိုးစု ပြည်သူလူထု တို့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း၊ စစ်ကောင်စီ ကျင်းပသည့် သျှမ်းပြည်နယ်နေ့ အခမ်းအနားကိုလည်း တက်ရောက်ခြင်း၊ အသိမှတ်ပြုခြင်းကို မပြုလုပ်ကြရန် TSU တို့က တောင်းဆိုထားသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...