တောင်ကြီးမြို့ တွင် ဗုံးဆက်တိုက်ပေါက်ကွဲ

တောင်ကြီးမြို့ တွင် ဗုံးဆက်တိုက်ပေါက်ကွဲ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း Mytel ရုံးရှေ့ တွင် ယနေ့ (ဖေဖော်ဝါရီ ၁)ရက် ညနေ ၆နာရီခွဲကျော်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရသည်။

ဖေဖော်ဝါရီ(၁) ရက် ည ၆ နာရီခွဲကျော်မှာ ဗုံး ၂ လုံးပေါက်ကွဲမှု ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ရှိ၊မရှိမသိရှိသေးကြောင်း တောင်ကြီးဒေသခံ များထံမှ သိရှိသည်။

” ထိခိုက်ဒဏ်ရာ ရတဲ့သူတွေရှိမရှိတော့မသိဘူး။ ရဲကားတွေ တနေကုန် ကင်းချထားတာတော့ တွေ့ရတယ်” ဟု ဈေးသည် အမျိုးသား တစ်ဦးကပြောသည်။

အလားတူ တောင်ကြီးမြို့ ရေအေးကွင်း ရပ်ကွက် နှင့် သစ်တော ရပ်ကွက် ဘက်မှာလည်း ဗုံး တစ်လုံးစီ ပေါက်ကွဲသွားကြောင်း သိရသည်။

” ခုပဲ အဲ့ရပ်ကွက် (၂) ခုမှာ တစ်လုံးစီ ထပ်ကွဲသွားတယ်” ဟု တောင်ကြီးဒေသခံ မှ သစ်တောရပ်ကွက်မှ နေထိုင်သူ တစ်ဦး ကပြောသည်။

ဖေဖော်ဝါရီ (၁) ရက်သည် စစ်အာဏာသိမ်းတာ (၁) နှစ်ပြည့်နေ့တွင် တောင်ကြီးမြို့ ဒေသခံများလည်း အသံတိတ် သပိတ်မှာ ပါဝင်နေကြောင်း သိရှိရသည်။

March 5, 2026
စိုင်းဆိုင်အိုက် — “ရွှေတြိဂံ ဒေသ” သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်သို့ ခိုးဝင်လာပြီး...
March 4, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာလျှင် ၃၆၀၀ ကျပ်အထိ ဈေးတက်လာပြီး...
၂၀၂၃ ခုနှစ်တွင် "သျှမ်းလူငယ်များနေ့" အထိမ်းအမှတ်ပြုလုပ်သည့်မြင်ကွင်းပုံ
March 2, 2026
သျှမ်းပြည်အတွင်း စစ်မီးတောက်လောင်နေချိန်တွင် လူထုအပေါ် အကာအကွယ်မပေးနိုင်သည့်...
February 28, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တာချီလိတ်မြို့တွင် အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး...