ဖလမ်းမြို့နယ်အတွင်း CNA/ CDF မကြမ်းဖက်အဖွဲ့ ဝင်ရောက်တိုက်ခိုက်ပြီး ကျေရွာအတွင်း အတင်းအဓမ္မလူသစ်စုခြင်း၊ ရိက္ခာတောင်းယူခြင်း၊ ရွာများအာမီးရှို့ခြင်းများပြုလုပ်နေတယ်ဆိုတဲ့သတင်းအမှား

ဖလမ်းမြို့နယ်အတွင်း CNA/ CDF မကြမ်းဖက်အဖွဲ့ ဝင်ရောက်တိုက်ခိုက်ပြီး ကျေရွာအတွင်း အတင်းအဓမ္မလူသစ်စုခြင်း၊ ရိက္ခာတောင်းယူခြင်း၊ ရွာများအာမီးရှို့ခြင်းများပြုလုပ်နေတယ်ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို We love ခေတ်ဘုန်းခ Group မှာ Ei အကောင့်မှ ဖလမ်းမြို့နယ်အတွင်း CAN/CDF အကြမ်းဖက်အဖွဲ့ ဝင်ရောက်တိုက်ခိုက်နေမှုကြောင့် ချင်းတိုင်းရင်းသားများ အိန္ဒိယကို ထွက်ပြေးနေရ ဆိုတဲ့ သတင်ခေါင်းစဉ်နဲ့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

အဲဒီအပြင် “အရင်က တည်ငြိမ်အေးချမ်းတဲ့ အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိတဲ့ ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း ဖလမ်းမြို့နယ်အတွင်း CAN/ CDF မကြမ်းဖက်အဖွဲ့ ဝင်ရောက်တိုက်ခိုက်ပြီး ကျေရွာအတွင်း အတင်းအဓမ္မလူသစ်စုခြင်း၊ ရိက္ခာတောင်းယူခြင်း၊ မထောက်ခံပါက ဒလန်အဖြစ်သတ်ခြင်း၊ ရွာများအားမီးရှို့ခြင်းများ ပြုလုပ်နေတဲ့အတွက်ကြောင့် ဒေသခံပြည်သူ အများအပြား အိန္ဒိယနိုင်ငံ မီဇိုးရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံနေရကြောင်း သိရတယ်” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ချင်းပြည်နယ် ဖလမ်းမြို့မှာ ဇန်နဝါရီလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်များနဲ့ ချင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေနတ်သံများကြားလို့ တဖက် မီဇိုရမ်းပြည်နယ်ကိုထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။

သတင်းအမှားမှာဖော်ပြထားသလို “ဖလမ်းမြို့နယ်အတွင်း ဖလမ်းမြို့နယ်အတွင်း CNA / CDF မကြမ်းဖက်အဖွဲ့ ဝင်ရောက်တိုက်ခိုက်ပြီး ကျေရွာအတွင်း အတင်းအဓမ္မလူသစ်စုခြင်း၊ ရိက္ခာတောင်းယူခြင်း၊ မထောက်ခံပါက ဒလန်အဖြစ်သတ်ခြင်း၊ ရွာများအားမီးရှို့ခြင်းများ ပြုလုပ်နေတဲ့အတွက်ကြောင့် ဒေသခံပြည်သူ အများအပြား အိန္ဒိယနိုင်ငံ မီဇိုးရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံနေရတယ်ဆိုတာတော့ မဟုတ်ဘူး၊ အဲ့သလိုလည်မရှိဘူး ရွာထဲတောင် လက်နက်ကျည်မရောက်ဘူး အသံကြာရုံပဲရှိတဲ့အနေထားမှာပဲ ပြည်သူတွေကထွက်ပြေးကြတာလို့” တာဝန်းရှိသူတစ်ဦးကပြောပါတယ်။

သတင်းဖတ်ရှုသူများအနေနဲ့ သတင်းတုသတင်းမှားများကို သေချာစီစစ်ပြီးဖတ်ရှုသင့်ပါတယ်။

April 2, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်ဖွဲ့သည် စစ်မှုထမ်းဥပဒေအကြောင်းပြုကာ...
April 1, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ခရစ်ယာန်ဘာသာဝင်များ မြေမြုပ်သဂြိုလ်သော ခရစ်ယာန်သုသာန်တွင်...
March 30, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မိသားစုကိစ္စဖြင့် သွားလာနေသည့် လူငယ် ၃ ဦးကို စစ်ကော်မရှင်တပ်က...
March 28, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် ဓာတ်ဆီတစ်ဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး...