အသံတိတ်သပိတ်မတိုင်မီ ကလေးမြို့က လူသိများသည့် ဖုန်းအပိုပစ္စည်းအရောင်းဆိုင်တစ်ဆိုင်ကို စစ်ကောင်စီက ချိပ်ပိတ်

အသံတိတ်သပိတ်မတိုင်မီ ကလေးမြို့က လူသိများသည့် ဖုန်းအပိုပစ္စည်းအရောင်းဆိုင်တစ်ဆိုင်ကို စစ်ကောင်စီက ချိပ်ပိတ်

ကလေးမြို့ နတ်ချောင်းလမ်းမပေါ်ရှိ Cover King ဖုန်းကာဗာနှင့် အပိုပစ္စည်းအရောင်းဆိုင်ကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းမှာ ချိပ်ပိတ်လိုက်သည်ဟု သိရသည်။

အဆိုပါဖုန်းအပိုပစ္စည်းဆိုင်တံခါးတွင် "ဤအဆောက်အဦနှင့် မြေနေရာသည် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ် နေသဖြင့် နိုင်ငံတော်ပိုင်သိမ်းဆည်းမည်ဖြစ်သောကြောင့် မကျူးကျော်ရ/ရောင်းချခြင်း/ရောင်းဝယ်ခြင်းမပြုလုပ်ရ" ဟူသောစာတန်းကို စစ်ကောင်စီတပ်က ယနေ့မနက်ပိုင်းက လာရောက်ကပ်ထားကြသည်ဟု သိရသည်။

ယခုကဲ့သို့ ချိပ်ပိ်တ်ခံရမှုသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နေ့က Cover King လူမှုကွန်ရက်အကောင့်တွင် “ ၁-၂-၂၀၂၂ ဆိုင်တစ်ရက်ပိတ်ပါမည်။ ဆောင်းကုန်နွေဦးမို့ အလွမ်းသင့်သည့်အခါလည်းဖြစ်တော့ နားကြရတာပေါ့’’ Post တစ်ခုတင်ခဲ့သည့်ကိစ္စနှင့်ဆက်နွယ်နိုင်သည်ဟု ယူဆကြသည်။

လာမည့် ဖေဖော်ဝါရီလ တစ်ရက်နေ့သည် စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းခြင်း ၁ နှစ်ပြည့်မည် ဖြစ် သောကြောင့် အသံ တိတ်သပိတ်( Silent Strike) ဆင်နွှဲကြရန် တနိုင်လုံးမှ ပြည်သူများသည် အပြင်မထွက်ခြင်း၊ စျေးနှင့်ဆိုင်ခန်းများ ပိတ်ခြင်းဖြင့် အသံတိတ်သပိတ်ဆန္ဒဖော် ထုတ်ရန် ပြင်ဆင်လျှက်ရှိကြသည်။

ယင်းကိစ္စအပေါ် စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စျေးဆိုင်များဖွင့်လှစ်ကြရန်နှင့် စျေးဆိုင်များပိတ်ထားပါက အရေးယူမည်ဟု လော်စပီကာများဖြင့် လိုက်လံကြေညာမှုများရှိခဲ့သည်။

ကလေးမြို့တွင် အသံတိတ်သပိတ်မတိုင်မီ တစ်ရက်အလို လူသိများသည့် ဖုန်းအပိုပစ္စည်းဆိုင်ကြီးတစ်ဆိုင်အား ချိပ်ပိတ်လိုက်ခြင်းသည် မြို့တွင်းရှိ ဈေးဆိုင်ခန်းများ အသံတိတ်သပိတ်တွင် မပါဝင်ရဲအောင် ခြိမ်းခြောက်သည့် သဘောဖြစ်သည်ဟု ယူဆရသည်။

Most read this week

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...