မူဆယ် မြို့မဈေး အနီး ကောင်းခါးပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မူဆယ် မြို့မဈေး အနီး ကောင်းခါးပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ် မြို့မဈေးကြီးအတွင်းတွင် ယနေ့ (ဇန်နဝါရီ ၃၁)ရက် နေ့လည် ၁၂ နာရီခွဲကျော်တွင် ကောင်းခါးပြည်သူ့စစ်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း သတင်းသိရသည်။

ယနေ့ (ဇန်နဝါရီလ ၃၁ )ရက် နေ့လည် ၁၂ နာရီ ၄၂ မိနစ်အချိန်တွင် မူဆယ်မြို့ မြို့မဈေးဘေးလမ်း ကားပေါ်တွင် ရှိနေသည့် ကောင်းခါးပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မူဆယ်မြို့ မစျေးအနီးတွင် နေထိုင်သည့် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီလမ်းနေရာက အရင်တုန်းကတော့ ညဈေးတန်းနေရာပေါ့၊ ကားတွေ ပြည့်ကြပ်နေချိန် ဖြစ်သွားတာပါ၊ စစ်ဝတ်စုံနဲ့လူ ၂ ယောက်က ကားပေါ်က လူကို သေနတ်နဲ့လာပစ်သတ်သွားတယ်၊ စုစုပေါင်း သေနတ်ဒဏ်ရာ ၅ ချက်ပါ” ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ သေနတ်ဖြင့် ပစ်သတ်ခံရသူသည် ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး ကားထဲမှာပင် ရရှိသည့် သေနတ်ဒဏ်ရာများကြောင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းသိရသည်။

“ကားထဲမှာ ပွဲချင်းပြီး သေဆုံးသွားပါတယ်၊ လာပစ်တဲ့သူတော့ ဘယ်သူဘယ်ဝါမှန်း မသိရဘူး၊ ပြီးတော့ ဘာကြောင့် ပစ်ရမှန်းလည်း မသိရသေးပါဘူး၊ ပတ်ဝန်းကျင်က မြင်ရတဲ့သူတွေ ပြောပြချက်အရတော့ လာပစ်တဲ့သူကလည်း စစ်ဝတ်စုံ ဝတ်လာတယ်လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အဆိုပါ ပစ်သတ်ခံရပြီး သေဆုံးသွားသည့် အမျိုးသား ရုပ်အလောင်းကို မူဆယ်ပရဟိတအသင်းမှ လာရောက်သယ်ဆောင်ပြီး ဆေးရုံသို့ ပို့ဆောင်ထားကြောင်း မူဆယ်ဈေးတွင်းမှ အမျိုးသားတစ်ဦးက ပြောသည်။

“Dead Body ကိုတော့ ပရဟိတအသင်းက ဆေးရုံကို သယ်သွားပါပြီ၊ ဈေးထဲက ဈေးသည်တွေကလည်း ကြောက် လို့ ပစ္စည်းသိမ်းပြီး အိမ်ပြန်ကြပြီ၊ အခုတော့ ရဲတွေ စစ်သားတွေလာပြီး စစ်ဆေးနေတာ တွေ့ရပါတယ်” ဟု မျက်မြင်တွေ့ရှိသူက ထပ်လောင်းပြောသည်။

မူဆယ်မြို့သည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များ သွားလာ လှုပ်ရှားသည့် နေရာဖြစ်သည့်အပြင် ယခုလို ပစ်သတ် သတ်ဖြတ် လုယက်မှုများလည်း မကြာခဏ ဖြစ်ပွားသည့် နယ်စပ်မြို့ ဖြစ်သည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...