မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့် လျှောက်ထားသူ ၁ သောင်းကျော်သာရှိ

မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့် လျှောက်ထားသူ ၁ သောင်းကျော်သာရှိ

မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုရန် လျှောက်ထားသူဦးရေ ၁ သောင်းကျော်သာ ရှိနေကြောင်း မွန်ပြည်နယ် မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

တက္ကသိုလ်ဝင်တန်း ဖြေဆိုရန် စာရင်းပေးသူဦးရေသည် ယခင်နှစ်များထက် ထက်ဝက်ကျော် လျော့နည်းနေကြောင်း  မြိုနယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"တစ်သောင်း နှစ်ထောင်ဆိုတာက ဟိုးအရင်ကနှစ်တွေထက်စာရင် အများကြီးပိုနည်းသွားတယ်။ ဒါကလည်း ကျောင်းတွေပိတ်ထားတာကြာတော့ လုပ်ငန်းခွင်တွေထဲရောက်ကုန်တယ်။ တချို့လည်း အပြင်ဖြေ လျောက်ကြတယ်။ တခြားအကြောင်းတွေလည်းပါတာပေါ့" ဟု ပြောသည်။

မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုရန် လျောက်ထားသူ တစ်သောင်းနှစ်ထောင်ကျော်တွင် ၉ ထောင်ကျော်က ကျောင်းတွင်းမှာ ဖြေဆိုမည်ဖြစ်ပြီး ၂၆၀၀ ကျော်က ပြင်ပမှ ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်ရှိ အခြေခံပညာ ကျောင်းပေါင်း (၁၅၀၀)ကျော်တွင် ကျောင်းသား ကျောင်းသူ (၂)သိန်းကျော် တက်ရောက်လျက်ရှိပြီး အထက်တန်းကျောင်းများတွင် တစ်ပတ်လျှင် ၆ ရက် ကျောင်းဖွင့်ကာ စာသင်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၀ ခုနှစ်တွင် မွန်ပြည်နယ် စာစစ်ဌာန ၆၆ ခု၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုရန် လျှောက်ထားသူ ၃၂၅၂၀ ဦး ရှိခဲ့သည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လာမည့် မတ်လ ၃၁ ရက်နေ့မှ ဧပြီ ၉ ရက်နေ့အထိ နေ့စဥ်နံနက် ၉ နာရီမှ ၁၂ အထိ သက်ဆိုင်ရာစာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုရတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Most read this week

ဓာတ်ပုံ - (ပုံဟောင်း / Credit)
September 15, 2026
ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့်...
ဓာတ်ပုံ - Crd
September 14, 2026
စစ်အုပ်စုတပ် ပြန်လည်ထိန်းချုပ်ထားသည့် တနင်္သာရီတိုင်း၊ မောတောင်မြို့သို့ သွားသည့်...
ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...