ကလေးမြို့တွင် ကိုဗစ်-၁၉ ကူစက်ခံရသူ ၈ ဦးထပ်မံတွေ့ရှိ

ကလေးမြို့တွင် ကိုဗစ်-၁၉ ကူစက်ခံရသူ ၈ ဦးထပ်မံတွေ့ရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ခရီးသွားမည့် ပြည်သူများကို ကြိုတင်ပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ ယနေ့ စစ်ဆေးခဲ့ရာ ပြည်သူ (၈) ဦးထံ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံ တွေ့ရှိခဲ့သည်ဟု ကလေးမြို့ ကိုဗစ်-၁၉ Volunteer တစ်ဦးကပြောသည်။

“ ဒီနေ့ အယောက် ၁၅၀ လောက်စစ်တာ ၈ ယောက်တွေ့တယ်။ အရင်နေ့ ၁၈ ယောက်ပေါ့။ သူတို့ ပြည်သူ့ဆေးရုံမှာ ကွာရန်တင်းထားတယ်။ ခရီးသွားဖို့ စစ်ကြတဲ့သူတွေ” ဟု ကလေးမြို့ ကိုဗစ်-၁၉ Volunteer ကတစ်ဦးကပြောသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများမှာကို  ကလေးမြို့ပြည်သူ့ဆေးရုံတွင်ထားရှိပြီး လူနာအများစုမှာ ချောင်းဆိုး ခြင်း၊နှာစီးခြင်း လက္ခာများသာတွေ့ရှိရပြီး စိုးရိမ်ရသည့်အခြေအနေမဟုတ်ကြောင်းကို ၎င်းကဆက်ပြောသည်။

ကလေးမြို့တွင် ယမန်နေ့က ခရီးသွားမည့်ပြည်သူအယောက် ၅၀၀ ကျော်ကို ပြည်သူ့ဆေးရုံတွင် စစ်ဆေးရာတွင် ပြည်သူ ၁၈ ဦးထံ ကိုဗစ်ပိုးတွေ့ခဲ့ကြပြီး ယခုအခါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၂၆ ဦးလာပြီဖြစ်သည်။

ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံမှုရှိလာနေသည့်အတွက် ကလေးမြ်ို့မှ ရန်ကုန်ဘက်သို့ပြေးဆွဲသည့် ခရီးသည်တင် မော်တော်ယာဉ်လိုင်းများလည်း ယနေ့ကစ၍ ယာယီပတ်ထားကြသည်ဟု သိရသည်။

Most read this week

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...