မီတာခ မဆောင်သည့် ဆိုင်ခန်းနှင့် အိမ်များကို မီးလိုက်ဖြတ်

မီတာခ မဆောင်သည့် ဆိုင်ခန်းနှင့် အိမ်များကို မီးလိုက်ဖြတ်

သျှမ်းပြည်တောင်ပိုင်း ရွှေညောင်မြို့နယ်အတွင်း မီတာခ မဆောင်သည့် ဆိုင်ခန်းနှင့် အိမ်များကို ကြိုတင် သတိပေးမှုမရှိဘဲ မီးလိုက်ဖြတ်နေဆဲဖြစ်ကြောင်း သတင်းသိရသည်။

ရွှေညောင်မြို့ မင်္ဂလာအောင်မြေ ရပ်ကွက်အတွင်း လျှပ်စစ်ရုံးမှ အမျိုးသား ၅ ဦးသည် ဇန်နဝါရီလ ၂၇ ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် ကားတစ်စီးနှင့် ရောက်ရှိလာပြီး မီတာစာရွက်များ ဝေကာ ကျသင့်ငွေများကို ချက်ချင်းပေးဆောင်ခိုင်းကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်တပ်က အာဏာသိမ်းပြီးကတည်းက ကျနော်တို့လည်း မဆောင်ဘူး၊ ဒီနေ့တော့ မီတာ စာရွက်ပေးတယ်၊ တစ်နှစ်လုံးစာပေါ့၊ ပြီးတော့ ကျသင့်ငွေ အကုန်လုံးကို တခါတည်းပေးဆောင်ခိုင်းတာ” ဟု ကိုယ်တိုင်ကြုံတွေ့ရ သည့် ရွှေညောင်မြို့မှ အသက် ၃၀ ကျော် လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပေးဆောင်ခိုင်းသည့် ပမာဏ များလွန်းသဖြင့် ခွဲဆောင်နိုင်ရန်အတွက် တောင်းဆိုသော်လည်း ခွင့်မပြုနိုင်ကြောင်း ပြောကာ မီးကြိုးကို ချက်ချင်းတက်ဖြုတ်သွားကြောင်း သိရသည်။

“ခွဲဆောင်လို့ ရမလားလို့မေးတော့ မရဘူး ဖြတ်လိုက်တော့ ဆိုပြီး သူတို့ထက် ရာထူးကြီးတယ် ထင်ရတဲ့ တစ်ယောက်က တန်းဖြတ်ခိုင်းတာ၊ စုစုပေါင်း သူတို့ ၅ ယောက်လာတယ်၊ မီတာစာရွက်ဝေရင်းနဲ့ ချက်ချင်း မပေးဆောင်နိုင်ရင် မီးလည်းတခါတည်းဖြတ်သွားတာ၊ မဖြတ်သေးတဲ့ အိမ်တွေကိုလည်း ဓါတ်ပုံရိုက်သွားတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

လက်ရှိပြည်တွင်း လျှပ်စစ်မီးအခြေအနေများသည် နေ့တိုင်းနီးပါး ပျက်နေပြီး မီတာခ ဆောင်နေသည့်သူများ အနေဖြင့်လည်း လျှပ်စစ်မီးပုံမှန်ရရှိအောင် မလုပ်ဆောင်နိုင်သည့် လျှပ်စစ်မီးဌာနကို မကျေမနပ် ပြစ်တင် ပြောဆိုမှုများ ရှိနေသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...