ပင်းတယမြို့နယ် CDM ရဲနှင့် ဖခင်အပါအဝင် ပြည်သူ (၁၂)ဦး ဖမ်းဆီးခံရ

ပင်းတယမြို့နယ် CDM ရဲနှင့် ဖခင်အပါအဝင် ပြည်သူ (၁၂)ဦး ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ပန်စစ်ကျေးရွာတွင် CDM ရဲနှင့် ဖခင်အပါအဝင် သတင်းပေးနောက်ကျသူ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ပြည်သူ စုစုပေါင်း (၁၂)ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။

“ရဲတပ်သားတစ်ယောက်က CDM လုပ်ပြီး ရွာထဲက သူ့အဖေဆီ လာရှောင်တိမ်းနေတာ ကြာနေပါပြီ၊ ဒါပေမဲ့ ရွာလူကြီးက သိတာနောက်ကျတော့ ရွာထဲမှာ CDM လုပ်ထားတဲ့ရဲ ရှိနေတာကို သတင်းပေး နောက်ကျလို့ ဆိုပြီး အုပ်ချုပ်ရေးမှူးရော နောက်ထပ် ရွာသား ၉ ယောက်ကိုပါ ဖမ်းသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖခင်နှင့်အတူ ဖမ်းဆီးခံထားရသည့် CDM ရဲတပ်သားသည် ဖြိုးဝင်း အမည်ရှိပြီး ပြီးခဲ့သည့် လေးလပိုင်းကတည်းက CDM လုပ်ကာ တိမ်းရှောင်ခဲ့ပြီးနောက် အိမ်သို့ ခေတ္တပြန်ရောက်လာစဥ်တွင် ဒလန်သတင်းပေးမှုဖြင့် ဖမ်းဆီးခံရ ကြောင်း ဒေသခံများက ပြောသည်။

“သူ့အဖေကိုတော့ CDM သမားကို လက်ခံထားလို့ဖမ်းသွားတယ်တဲ့၊ ရွာလူကြီးကိုတော့ CDM သမားတွေ ရွာထဲရှိ နေတာ သတင်းပေးနောက်ကျလို့ဆိုပြီး ဖမ်းသွားတယ်၊ တခြားရွာသားတွေကိုတော့ ဘာကြောင့်ဖမ်းသွားလဲ ဆိုတာ မသိရဘူး၊ စုစုပေါင်းက (၁၂) ယောက်ပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

CDM ရဲသား နှင့်အတူ ဖမ်းဆီးခံရသည့် ဖခင်ဖြစ်သူသည် အသက် ၇၀ ခန့်ရှိ သက်ကြီးရွယ်အိုတစ်ယောက် ဖြစ်ကြောင်းလည်း သတင်းသိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ ညအချိန်တွင် ပင်းတယမြို့မှ ပန်စစ်ကျေးရွာအပြင် ဈေးတန်းရပ်ကွက်နှင့် ကံသာရွာဘက်တွင်လည်း ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းသိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...